ဟားခါးမြို့ မီးလောင်းလို့ လူသုံးယောက်သေဆုံး

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ ဒီမနက် (၂)နာရီခန့်မှာ လူနေအိမ်နဲ့ဆိုင်ခန်းတွဲထားတဲ့ အိမ်(၂)လုံးမီးလောင်းလို့ လူသုံးယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo: Chan Fiang

မီးလောင်းသေဆုံးသူတွေကတော့ ပုလဲစတိုး(၁)မှာနေထိုင်တဲ့ သက်ကြီးပိုင်းအဘွားတစ်ယောက်၊ အသက်(၉၀)အရွယ်အဘွားအိုတစ်ယောက်နဲ့ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

“မီးစလောင်တာကတော့ မီးဖိုထဲကစလောင်တယ်လို့သိရတယ်”လို့ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

မနက် (၅)နာရီ ခန့်မှာ မီးသတ်နဲ့ပြည်သူတို့ပူးပေါင်းပြီး မီးငြိမ်းနိုင်ခဲ့ပါပြီ။

Zalen ad
Photo: Chinland Post

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်