အိန္ဒိယသံအမတ်က အိန္ဒိယ-မြန်မာ နယ်စပ်ကို လာရောက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးခဲ့

၁၂၊ ဧပြီ ၂၀၂၄

Zalen

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur ဟာ မီဇိုရမ်ပြည်နယ် အရှေ့ပိုင်းရှိ ကျန်ဖိုင် မြို့ကို ဧပြီ ၁၁ ရက်ရောက်ရှိခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် ကို လာရောက်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယသံအမတ် Thakur ဟာ ကျန်ဖိုင် Circuit House မှာ ခရိုင်တာဝန်ရှိသူ‌တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်‌တွေ၊ နယ်စပ်ဖြတ်ကျော်ကုန်သည်‌တွေနဲ့ နယ်စပ်ကုန်သွယ်ရေးအခြေအနေ ဆွေးနွေးခဲ့တာပါ။

Zalen ad

အဲဒီနောက် အိန္ဒိယ-မြန်မာနယ်စပ်က ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ရိဒ်- ဇိုခေါထာရ် ကို သွားရောက်ကြည့်ရှုခဲ့တာလို့ အိန္ဒိယအခြေစိုက် All India Radio News သတင်းဌာနက ဖော်ပြခဲ့တာပါ။

အိန္ဒိယနဲ့ မြန်မာကြား ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးဟာ အရေးပါပြီး လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ခွဲထွက်မရတဲ့ ဆက်စပ်မှုရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်က ပြော‌တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန် သွယ်မှုအတွက် ကြီးမားတဲ့စိန်ခေါ်မှု အများအပြားရှိနေတယ်လို့ သံအမတ်က ဆိုပါတယ်။

ဒါပေမယ့် နယ်စပ်ကုန်သွယ်မှုဆက်ဆံရေး ပုံမှန်အခြေအနေကို ပြန်ရောက်ရှိဖို့ မျှော်မှန်းထားသလို နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ဖို့ အတူ ကြိုးပမ်းဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နို၀င်ဘာလကစပြီး အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေတာပါ။

အဲဒီကုန်သွယ်ရေး စခန်းကနေ နှစ်နိုင်ငံ ကုန်သွယ်မှုဟာ အရင်ကအတိုင်း ဆက်ရှိနေတာ ဖြစ်ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်