ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို PDF Zoland အဖွဲ့ သိမ်းပိုက်

၂၁၊ နိုဝင်ဘာ၊ ၂၀၂၃ /Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို ချင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့ PDF Zoland က နိုဝင်ဘာ ၂၁ရက်နေ့ မနက် ၆နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက Zalen ကို အတည်ပြု ပြောဆိုပါတယ်။

နိုဝင်ဘာ ၂၁ရက်နေ့ ဒီနေ့ မနက် ၄နာရီလောက်မှာ ကနေဒီတောင်ထိပ်ရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား အင်အား ၃ဝ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အချိန် ၂နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ် ပြီးနောက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ အဓိကကတော့ ကနေဒီတောင်ဟာ ချင်းပြည်နယ် မြောက်ပိုင်းမှာ အမြင့်ဆုံးတောင်ဖြစ်တယ်။ တောင်ထိပ်ကနေ ကလေးတို့၊ ဖလမ်းတို့ လှမ်းမြင်နေရတယ်။ ဒါကြောင့် စစ်ရေးအတွက် အချက်အချာကျတယ်။ ဒါကြောင့် ကျွန်တော်တို့ သိမ်းပိုက်ခဲ့တာပါ။ ” လို့ PDF Zoland ရဲ့ တာဝန်ရှိသူတစ်ဦးက Zalen ကို ပြောပါတယ်။

Zalen ad

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁ဝဦး ကျော်ဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့် PDF Zoland လိုက်လံ ဖမ်းဆီးနေပြီး စစ်ကောင်စီတပ်သား တချို့ ဖမ်းဆီးရမိထားသလို သေဆုံးနေတဲ့ စစ်ကောင်စီတပ်သား အလောင်း ငါးလောင်း တွေ့ရှိခဲ့တယ်လို့ PDF Zoland အဖွဲ့က ပြောပါတယ်။  PDF Zoland ဘက်ကတော့ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေအပါအ၀င် လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ PDF Zoland က ပြောပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ ဇန်ဇောလ်ရွာကို စစ်ကောင်စီကဗုံးကြဲလို့ ဒေသခံ နှစ်ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာ ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်ဇောလ်ရွာမှာ ...

ဆက်ဖတ်ရန်