ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းကို AA နဲ့ MDF ပူးပေါင်းတပ်ကသိမ်းပိုက်

၅၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ စစ်ရေးအချက်ချာကျတဲ့ တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA) နဲ့ နဲ့ Maraland Defence Force (MDF) ပူးပေါင်းတပ်တို့က ဒီဇင်ဘာ ၄ ရက်နေ့၊ နေ့လည် ၁ နာရီ ချိန်တွင် သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဗျူဟာကုန်းကို AA နဲ့ MDF ပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၁ ရက်မြောက်နေ့ ဒီဇင်ဘာ ၄ နေ့မှာ သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

Zalen ad

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးများဖြင့် နေ့၊ ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားမှ စခန်းအား ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်ကျန်ရှိနေသော “နှုံးဘူးဗျူဟာကုန်း” ကိုလည်း ရက္ခိုင့်တပ်​တော်(AA)နဲ့ MDF တို့အနေဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိနေတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံ- AA Info Dask

နောက်ဆုံးရသတင်းများ

မုန်းချောင်းတံတားကို စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်တဲ့အရပ်သား‌အချို့ သေဆုံး / ထိခိုက်မှုများရှိ

ဧပြီ ၂၉ ၊၂၀၂၆Zalen ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့အနီးရှိ မုန်းချောင်းတံတားကို ဒီကနေ့ မနက် ၁၀ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်သူတွေနဲ့ ‌တံတားအနီးအနားရှိ အရပ်သားပြည်သူတွေ ဗုံးထိမှန်ပြီး သေဆုံး/ထိခိုက်မှုတွေ များတယ်လို့ ...

ဆက်ဖတ်ရန်