သိုင်းငင်းမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ကူနေ

၇၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာ ဒီဇင်ဘာ ၇ရက်နေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်ပွားနေပြီး ကလေးမြို့ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဒီနေ့ မနက်ငါးနာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ၊ တိုက်ပွဲက တော်တော်ပြင်းထန်တယ်ထင်တယ်။ ပစ်ခတ်သံတွေက တော်တော်ကျယ်တယ်။ ဒီနေ့ ရာသီဥတု မိုးရွာလို့ တိမ်ထူတော့၊ လေယာဉ်လာလို့ မရဘူးလေ။ အဲ့တော့ သူတို့က လက်နက်ကြီးနဲ့ တောက်လျှောက်ကို ပစ်နေတော့တာ။ ” လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

Zalen ad

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာက ကလေး-ဖလမ်း-ဟားခါး- ကလေး-တီးတိန် လမ်းမကြီးပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို စီးယင်းဒေသကာကွယ်ရေးအဖွဲ့ CDF CDM Siyin က သိမ်းပိုက်ရေး ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီကနေ့ မနက် ၅နာရီလောက်ကနေ သတင်းရေးနေချိန် နေ့လည် ၁၂နာရီလောက်အထိ စစ်ကောင်စီတပ်တွေက ၊ရှစ်မိုင် ကလေးမြို့တက္ကသိုလ်ဝန်းထဲကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပြီး အနည်းဆုံး လက်နက်ကြီးပစ်ခတ်သံ အကြိမ် သုံးဆယ်ထက်မနည်း ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့ ညပိုင်းကလည်း သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို CDF CDM Siyin က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းရော၊ လက်နက်ကြီးပါ ပစ်ခတ်ခဲ့တာကြောင့် ဆုတ်ခွာခဲ့ရပါတယ်။

ကလေး-သိုင်းငင်း- တီးတိန် လမ်းမကြီးနဲ့ ချင်းပြည်နယ်မြောက်ပိုင်း အဝင်ပေါက်ကို သွားလာတာတွေ မလုပ်ကြဖို့ နိုဝင်ဘာ ၂၇ရက်နေ့မှာ CDF CDM Siyin က ထုတ်ပြန်ထားပါတယ်။

HeiSok Khai

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်