ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့်ပိတ်ပင်

၉၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ခလရ ၂၈၉ တပ်ရင်းရှိ တပ်ရင်းမှူးက တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။

ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အဲ့ဒီတပ်ရင်းရှိ မိသားစုဝင်တွေအပြင် မိသားစုဝင်ဆွေမျိုးတွေ တပ်ထဲ အလည်သွားလာတာတွေ၊ တပ်ပြင်ထွက်တာတွေကို တပ်ရင်းမှူးက ပိတ်ထားတာ ဖြစ်တယ်လို့ တပ်မိသားစုထံက သိရှိရပါတယ်။

Zalen ad

” အရင် နိုဝင်ဘာလ ကတည်းက တပ်ပြင်ထွက်ခွင့် မပေးတော့တာပါ။ မဖြစ်မနေ ထွက်ရမယ်ဆိုရင် တပ်ရင်းမှူး လတ်မှတ်၊ တာဝန်မှူးခွင့်ပြုချက်တွေပါမှ တပ်ပြင်ထွက်ခွင့်ရတာပါ။ အခု AA တွေက တပ်ရင်းကို လာတိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်တော့ တပ်မိသားစုဝင်တွေ သတိအနေထား နေခိုင်းထားပါတယ်” လို့ ပလက်ဝမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီဇင်ဘာလအတွင်း ပလက်ဝမြို့ တစ်ဖက်ကမ်းရှိ စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းအား ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး တပ်တွင်းမိသားစုဝင်တွေကို သတိအနေထားနဲ့ နေခိုင်းထားတယ်လို့သိရပါတယ်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (အမ်း)ကွပ်ကဲမှူးအောက်တွင် တည်ရှိပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်