မီဇိုကျောင်းသားများအဖွဲ့အစည်း (MZP)မှ ချင်းစစ်ဘေးရှောင်များထံ လည်ပတ်ပြီး အားပေးစကားပြောကြား

၁၃၊ဒီဇင်ဘာ ၊၂၀၂၃

Zalen

မီဇိုရမ်ပြည်နယ်၊ ဇိုခွါသာရ်ကျေးရွာနဲ့ အနီးတစ်ဝိုက်ရှိ ချင်းစစ်ဘေးရှောင်များထံ မီဇိုကျောင်းသားများ အဖွဲ့အစည်း (Mizo Zirlai Pawl – MZP) မှ မနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

ချင်းစစ်ဘေးရှောင်များရဲ့ အခက်အခဲပေါင်းစုံနဲ့ တစ်ကယ့်မြေပြင်အခြေအနေကို သွားရောက်လေ့လာရင်းနဲ့ အားပေးစကားများပြောကြားခဲ့တယ်လို့သိရပါတယ်။

Zalen ad

ချင်းစစ်ဘေးရှောင်များအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ဘာမှစိုးရိမ်မနေဘဲ နေထိုင်ကြ ဖို့ ၊ ချင်းမျိုးနွယ်စု များဟာ နေရာတိုင်းမှာ ရှိတာဖြစ်တဲ့အတွက် ညီအကိုများရဲ့အခက်အခဲဟာ ကျွန်တော်တို့ရဲ့အခက်အခဲလိုဖြစ် တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကူညီဖို့တက်နိုင်သလောက်ကြိုးစားသွားမယ် လို့ Mizo Zirlai Pawl – MZP မှ ဥက္ကဌ H.Lalthianghlima ကပြောကြားခဲ့ပါတယ်။

အခုအသစ်ဖွဲ့စည်းထားတဲ့ မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့်လည်း “ချင်းစစ်ဘေးရှောင်များအတွက် လိုအပ် တာ တွေကို အတတ်နိုင်ဆုံးကူညီဖို့နဲ့ ချင်းစစ်ဘေးရှောင်များထံကိုအမြန်ဆုံးသွားရောက် လည်ပတ်ဖို့” တောင်းဆို သွား ခဲ့ပါ တယ်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှစစ်ဘေးရှောင် ဦးရေ ၃၀၀၀၀ ကျော်ရှိတယ်လို့သိရှိရပါတယ်။၎င်းတို့ထဲမှ ဇိုခွါသာရ် နဲ့အနီးတစ်ဝိုက်တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၃၀၀၀ ကျော်ရှိ တယ်လို့သိရပါတယ်။

သတင်း -Grace

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်