မှော်ဘီမြို့နယ်က ချင်းတိုင်းရင်းသား နေအိမ် ၂၀ ကျော် စစ်တပ်မှ ဖယ်ရှားခိုင်း

၂၁၊ ဖေဖော်ဝါရီ၊၂၀၂၄

Zalen

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောက်တကာကျေးရွာက ချင်းတိုင်းရင်းသား နေအိမ် ၂၀ ကျော်ကို စစ်တပ်မှ ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ် တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ချင်းစစ်ဘေးရှောင်တွေ ဆောင်ထားတဲ့ မှော်ဘီမြို့နယ်၊ မြောက်တကာရွာက လူနေအိမ် ၂၀ ကျော်ဟာ စစ်တပ်မှ တပ်ပိုင်မြေလို့ဆိုကာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းပါတယ်။

Zalen ad

“အဲ့မြေနေရာကို ဝယ်ပြီးမှ အိမ်ဆောက်ထားတာ ဖြစ်ပါတယ်။ နေထိုင်လာတာလည်း ကြာပါပြီး။ စစ်တပ်ကနေ တပ်ပိုင်မြေပြောပြီး အခု ဖယ်ရှားခိုင်းနေပါတယ်။ အခု ပြုန်းစားကြီး ဖယ်ရှားခိုင်းတော့ နေစရာတွေ မရှိတော့ဘူး။”လို့ ၎င်းတို့နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ အဆိုပါ မြေနေရာကို ပွဲစားကနေတဆင့် ကာလတန်ဖိုးနဲ့ ပေးဝယ်ပြီးမှ အိမ်ဆောက်ကြတာဖြစ်သလို နေထိုင်လာတဲ့ ကာလဟာလည်း ကြာမြင့်နေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့ နေအိမ် ဖယ်ရှားခံရတဲ့ အိမ်ထောင်စု မိသားစုဝင်တွေဟာ နေထိုင်စားသောက်ရေးအတွက် အရေးပေါ် အကူညီလိုအပ်နေပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်