လိုင်လင်းပီမြို့က ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သား ၁ ဦး ဖမ်းဆီးခံရ

၁၁၊ မတ်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့က ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သား တစ်ဦးကို မရာလဲန်းကာကွယ်ရေးတပ်-MDF က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

လိုင်လင်းပီမြို့က ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သား ၁ ဦးကို မတ်လ ၉ ရက်၊ ညနေပိုင်းက MDF တပ်ဖွဲ့တွေဟာ ၎င်းတို့ရဲ့ နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Zalen ad

“MDF ရဲဘော်တွေက ရွာထဲကို ဝင်ပြီးတော့ ဒီအတိုင်းဖမ်းခေါ်သွားတာပါ။ ဘာကြောင့် ဖမ်းသွားတာလဲဆိုတာ ပြောမသွားဘူး။ အခုထိ ပြန်မလွတ်ပေးသေးဘူး။”လို့ အမည်မဖော်လိုတဲ့ ပါဆင်းရွာသား တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နဲ့ ဦးရာခယ်လို့သိရပြီး ၎င်းတို့ဟာ ယနေ့ထိ ပြန်လွတ်ပေးခဲ့ခြင်း မရှိသလို အဆက်သွယ်လည်း မရရှိသေးဘူးလို့ သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းစရာရှိပြီး ခဏခေါ်စစ်ဆေးတာဖြစ်ပြီး မကြာခင် ပြန်လွတ်ပေးမယ်လို့ MDF ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့က မြေပြင်နဲ့ အဆက်သွယ်မရသေးဘူး။ ဒါပေမယ့် ရွာသားတစ်ယောက်က ကျွန်တော်ဆီ ခေါ်သွားတယ်ဆိုတဲ့ စာတော့ ရောက်လာပါတယ်။ ကျွန်တော်တို့က ဖမ်းတာ မဟုတ်ဘူး။ စစ်ဆေးစရာရှိလို့ ရဲဘော်တွေက ခဏခေါ်သွားတာပါ။ ဒါကို လူတွေက ဖမ်းသွားတယ်ဆိုပြီး စွပ်စွဲတယ်။ စစ်ဆေးပြီးရင်တော့ ပြန်လွတ်ပေးမှာပါ။”လို့ ဆိုပါတယ်။

မရာနယ်မြေမှာ ဘာသာရေးခေါင်ဆောင်များရဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးမူကြောင့် လက်နက်ကိုင် အချင်းချင်း ပဋိပက္ခတွေ ပြေလည်သွားပြီလို့လည်း သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်