တိုက်ပွဲတွေဟာ ရွေးကောက်ပွဲကို ထိခိုက်တာကြောင့် ကန့်ကွက်ကြောင်း ကြံ့ခိုင်ရေး ပါတီ အပါအ၀င် ၂၄ ပါတီ ထုတ်ပြန်

၁၈၊မတ်၊ ၂၀၂၄

Zalen

မြန်မာနိုင်ငံတစ်ဝန်းက လက်နက်ကိုင်ခုခံ တော်လှန်မှုနဲ့ တိုက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အတားအဆီးဖြစ်နေတာကြောင့် တိုက်ပွဲတွေကို ဆန့်ကျင်ပြီးကန့်ကွက် ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၂၄ ပါတီက မတ်လ ၁၆ရက်နေ့မှာထုတ်ပြန်ပါတယ်။

အဲဒီသဘောထားထုတ်ပြန်ချက်ထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလည်း ပါဝင်ပါတယ်။

Zalen ad

အချိန်နှစ်နှစ်တာကာလအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ နိုင်ငံပိုင်အဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံ၊ လမ်း၊ တံတားတွေ ဖျက်ဆီးခံခဲ့ရသလို သေဆုံးခဲ့တဲ့ အရပ်သားကလည်း ၈၉၀၀ ကျော်အထိရှိတယ်လို့ အဲဒီ သဆဘာထားထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ နိုင်ငံရေးပါတီတွေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံးတာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေတွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း အရပ်သား ၄၇၀၀ သေဆုံးခဲ့ရပြီလို့ ဖော်ပြထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်