ပလက်ဝမြို့ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်ကြတဲ့ပြည်သူတွေ မတ်လတွင်း ပြန်လာဖို့ AA ပြော

၁၉၊ မတ်လ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေ ယခု မတ်လအတွင်း ပြန်လာကြဖို့ ရက္ခုင့်တပ်တော် (AA)က သတိပေး ညွန်ကြားတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ပလက်ဝမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း ပလက်ဝမြို့နေ ပြည်သူတွေဟာ ဘေးလွတ်ရာသို့ ထွက်ပြေးကြပြီး အဲ့ဒီ ထွက်ပြေးသွားကြတဲ့ ပြည်သူတွေ ယခု ရက်ပိုင်းတွင်း အမြန်ဆုံးပြန်လာဖို့ AA က သတိပေးထားတယ်လို့ သိရပါတယ်။

Zalen ad

“အဓိကတော့ မြို့ပေါ်က လူတွေ ပြန်လာဖို့ ပြောတာပါ။ ပြန်မလာသေးတဲ့ လူနေအိမ်ကို AA ကနေပြီး စခန်းချ နေထိုင်သွားမယ်လို့လည်း ပြောတယ်။ ပြည်သူတွေက လေယာဥ် ခဏခဏ ဗုံးကြဲခံရတော့ ကြောက်လို့ ပြန်မလာရဲကြဘူး။ မြို့ထဲလည်း AA တွေက ရှိနေတော့ မလာရဲကြတာပါ။”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

AA ရဲ့ ထိန်းချုပ်မူအောက် ၂ လကျော်တွင်း ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုင်မှု ၈ ကြိမ်ထက်မနည်းရှိပြီး ဒေသခံ အရပ်သား ကလေးအပါဝင် ၁၅ ဦးသေဆုံးသလို ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ရှိသေးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပလက်ဝမြို့ပေါ်က ပြည်သူအများစုဟာ နေရပ်မပြန်ရဲဲကြသေးဘူးလို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်