မလေးရှားမှာ ချင်းလူမျိုး အချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

၂၄၊ ဧပြီလ၊ ၂၀၂၄

Zalen

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပူချွန်းမှာ ချင်းလူမျိုး အချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ချိုးလူမျိုးစုအသင်း (မလေးရှား) ဆီက သိရပါတယ်။

ဖြစ်စဥ်မှာ ဧပြီ ၂၂ ရက် ည ၁၀ အချိန်က ကားရေဆေးအလုပ် အတူလုပ်ကိုင်နေကြတဲ့ လူငယ်အချင်းချင်း စကားများ ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“စကားများ ရန်ဖြစ်တာကနေ ဓားထိုးမှုဖြစ်တာလို့ သိရပါတယ်။ သေဆုံးသူက ဓားအချက်ပေါင်းများစွာနဲ့ သေဆုံးသွားတာလို့ ပြောတယ်။ ဆေးရုံပို့ပေမယ့် အသက်မမီတော့ဘူးလို့ သိရတယ်။ အမှုကို သူဌေးက လိုက်ပေးတယ်။”လို့ ချိုးလူမျိုးစုအသင်း (မလေးရှား) တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဇာတိဖြစ်တယ်လို့ သိရပါတယ်။လူသတ်မှု ကျူးလွန်သူဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ ချင်းအမျိုးသားလို့သိရပြီး ၎င်းဟာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။

“တရားခံက မှုခင်းဖြစ်ကတည်းက ထွက်ပြေးသွားတယ်။ ဆိုင်က ဝန်ထမ်းတွေကိုတော့ မလေးရှားရဲတပ်ဖွဲ့တွေ ဖမ်းသွားပါတယ်။ တရားခံကိုလည်း မလေးရှား အာဏာပိုင်တွေက ဖမ်းမိဖို့ လိုက်ရှာနေပါတယ်။”လို့ ၎င်းအမှုဖြစ်စဥ်ကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ချင်းအမျိုးသားတစ်ဦးက ဆိုပါတယ်။

မလေးရှားမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း ချင်းအမျိုးသား တစ်ဦးဟာ ၎င်းနဲ့အခန်းးစပ်တူနေထိုင် ကလေးငယ်တစ်ဦးကို လည်ပင်းညှစ် သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်