CBCUSA မှ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ရဲ့ ကယ်ဆယ်ရေးရန်ပုံငွေအတွက် အလှူငွေ ရူပီး ၃ သိန်းပေးအပ်

၂၅၊ ဧပြီ၊ ၂၀၂၄

Zalen

အမေရိကန်အေခြစိုက် ချင်းနှစ်ခြင်းအသင်းတော် ( Chin Baptist Churches USA) မှ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကယ်ဆယ်ရေးရန်ပုံငွေ ( Chief Minister Relief Fund ) အတွက် ရူပီး ၃ သိန်းပေးအပ်လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။

ဧပြီလ ၂၄ ရက်မနေ့က CBCUSAမှတာဝန်ရှိသူတစ်ချို့က အိုင်ဇောလ်မြို့ရှိ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမှာ ဝန်ကြီးချုပ်နဲ့သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး မီဇိုရမ်အစိုးရနဲ့ မီဇိုရမ်ပြည်သူများက စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြကာ ဝန်ကြီးချုပ် ရန်ပုံငွေအတွက် ငွေသား ရူပီး ၃ သိန်းပေးလှူခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ ကနေအသိပေးလာခဲ့ တာပါ။

Zalen ad

“မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ရဲ့ကယ်ဆယ်ရေးရန်ပုံငွေ ကို မီဇိုရမ်အတွင်းက ဆင်းရဲနွမ်ပါးသူများကို ထောက်ပံ့ ပေးလေ့ရှိတယ်။ပြီးတော့ ခရစ်စမတ်အချိန်တွေမှာ သက်ကြီးရွယ်အိုတွေအတွက် လက်ဆောင်ပစ္စည်းတွေ ပေးအပ် လေ့ရှိတယ်”လို့ လောင်တလိုင်အခြေစိုက် သတင်းသမားတစ်ဦးက Zalen ကိုပြောပါတယ်။

Chin Baptist Churches USA အဖွဲ့ဟာ အမေရိကန်ရောက် ချင်းနှစ်ခြင်းအသင်းေတာ်များနဲ့ဖွဲ့စည်းခဲ့တဲ့ ဘာသာရေး အဖွဲ့အစည်းဖြစ်ပြီး အသင်းတော် ၁၂၀ ရှိကာ လူဦးရေ ၃၃၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပိုလစ် ပြည်နယ်မှာ ကောလိပ်ကျောင်းလည်း တည်ထောင်ခဲ့ သလို မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ငွေကြေးအများအပြား ထောက်ပံ့ပေးလေ့ရှိတယ်လို့သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ပြည်ပရောက် ချင်းအသိုင်းအဝိုင်းများထဲမှ အဖွဲ့အစည်းတစ်ချို့ က မီဇိုရမ်အစိုးရတာဝန်ရှိ သူများထံ ငွေကြေးလှူဒါန်းတာတွေရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ Global Chin (Falam) Organisation က စစ်ဘေးရှောင်များထောက်ပံ့ဖို့ဆိုပြီး ရူပီး ၂ သိန်းကို CYMA ထံသို့လည်းကောင်း ဧပြီလ ၂၀ ရက်နေ့မှာ အမေရိကန်အခြေစိုက် CBANA က မီဇိုရမ်ပညာရေးဝန်ကြီးထံ ရူပီး ၈ သိန်း ၅ သောင်း ကိုလည်းကောင်း ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မက်ဂရီဂေါ်နဲ့ မက်စ် ဟော်လိုဝေးတို့ ၁၃ နှစ်အကြာ ပြန်လည်တွေ့ဆုံမယ့် UFC 329 ပွဲစဉ် ဇူလိုင် ၁၁ ရက်မှာ ကျင်းပမယ်

ဇူလိုင် ၉ ၊ ၂၀၂၆ Zalen ပရိသတ်များ စောင့်မျှော်နေကြတဲ့ MMA စူပါစတားနှစ်ဦးဖြစ်ကြတဲ့ Conor McGregor နဲ့ Max Holloway တို့ရဲ့ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံမယ့် UFC 329 ပြိုင်ပွဲကို ...

ဆက်ဖတ်ရန်