တီးတိန်မြို့နယ်မှာ ZRAနဲ့ CNAတို့ တိုက်ပွဲထပ်ဖြစ်

၂၊ ဧပြီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Keizaang ရွာနဲ့ Muizawl ရွာကြားမှာ ယနေ့မေ ၂ရက်နေ့ ညနေပိုင်းက ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ Zomi Revolution Amry ( ZRA)တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေ ၁ရက်နေ့ မနေ့ကလည်း တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာအနီးမှာ CNA နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

Zalen ad

” မနေ့ကလည်း လိုင်တွီးမှာဖြစ်တယ်။ အဲ့အနီးအနားမှာပဲ ဒီနေ့လည်း ထပ်ဖြစ်တယ်။ CNAက စစ်ရေးဖော်ဆောင်ဖို့ လာတာကို ZRAက ကြားဖြတ်ကာကွယ်တိုက်ခိုက်တာလို့ ကြားတယ်ဗျ။ “

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်ကျဆုံးမှုကိုတော့ Zalen အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မေ ၁ရက်နေ့ တိုက်ပွဲအတွင်းမှာ CNA တပ်ဖွဲ့၀င် ဆလိုင်းဗန်‌ဟွီထန် (Salai Van Hoi Thang) ကျဆုံးသွားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း လိုင်တွီးကျေးရွာအနီးမှာ CNA နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

PDF Zoland ပါ၀င်တဲ့ ချင်းညီနောင်အဖွဲ့ဟာ CNA အနေနဲ့ နယ်မြေကျော်လွန်ကာ စစ်ရေးလှုပ်ရှားမှု ဖော်ဆောင်တာ မလုပ်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်