အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄

Zalen

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai Lian Mang အသက် ၃၄ နှစ် သေဆုံးခဲ့ တယ်လို့သိ ရပါတယ်။

Salai Sai Lian Mang ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ မြို့ဟောင်းရပ်ကွက်က ဦး သုမ်းကီးယိုး နဲ့ ဒေါ်ခင်ခင်လေး တို့ရဲ့ သားသမီး လေးဦးအနက် အငယ်ဆုံးသားဖြစ်တယ်လို့သိရပါတယ်။သူနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့သူကလည်း ဟားခါးဒေသခံဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Zalen ad

“မေလ ၁၃ တုန်းက Sai Lian Mang ရဲ့အိမ်မှာ သူငယ်ချင်းတွေ တွေ့ဆုံကြပြီးတော့ အချင်းချင်း ကြား စကားများကြပြီး သူငယ်ချင်းတစ်ယောက်က ကတ်ကြေးနဲ့ ထိုးတာပါ။ အဲလိုနဲ့ သူတို့တွေပြန်ပြီးတော့ Sai Lian Mang က တစ်ယောက်တည်း အိမ်မှာကျန်ခဲ့တယ်။ သူက Lake Arrowhead ရှိ Sushi ဆိုင်မှာ အလုပ် လုပ်တာ၊ နောက်တစ်နေ့ သူအလုပ်မလာတော့ သူ့အိမ်ကို သွားကြည့်တဲ့အချိန် သူ့အိမ်ထဲမှာ သေဆုံးလျက် တွေ့ခဲ့ကြတာ။ကတ်ကြေးနဲ့ ထိုးတဲ့လူကို ဖမ်းပြီလား ဆိုတာတော့ မသိရသေးဘူး။” လို့ နာမည်မဖော်လိုတဲ့ အင်ဒီးယားနား ပြည်နယ်မှာ နေထိုင်သူ ချင်းအမျိုးသမီးတစ်ဦးက Zalen ကိုပြောပါတယ်။

Sai Lian Mang ရဲ့ ရုပ်အလောင်းက အခုလက်ရှိ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead မှာ ရှိနေပြီး အင်ဒီယားနားပြည်နယ်မှာ သဂြိုလ်ဖို့ စီစဉ်နေကြပါတယ်။

သတင်း-Micky

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်