ဇူလိုင် ၈၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ဆက်သွယ်ထားတဲ့ ကလေးဝ-ယာကြီးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန်မီဒီယာတခုဖြစ်တဲ့ MRTV ကဇူလိုင်လ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီ လမ်းပိုင်းမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ကုန်သွယ်ရေး ကလေး-တမူး လမ်းပိုင်းနဲ့ ဆက်သွယ်ထားပြီး အလွန်အရေးပါတဲ့ လမ်းကြောင်းတခုလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်နေ့ကနေစပြီး အဲဒီ ကလေးဝ-ယာကြီးလမ်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၇ရက်နေ့မှာ အပြီးသတ် ထိန်းချုပ်ပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးဝ-ယာကြီးလမ်းပိုင်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်လ ၇ရက်နေ့ ညနေပိုင်းမှာ ကလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များနဲ့ ပူပေါင်းနိုင်ခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာကဆိုပါတယ်။
ဒါ့အပြင် အဲဒီကလေးဝ-ယာကြီးလမ်းကို မကြာမှီအသုံးပြုနိုင်တော့မှာဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုနဲ့ ဒေသအတွင်း ကုန်စည်ပို့ဆောင်ရေးဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။
တဘက်မှာ အိန္ဒိယ-မြန်မာ နှစ်နိုင်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အိန္ဒိယ-မြန်မာ နယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မိုးရေးမြို့မှတဆင့် တမူး- ခမ်းပါတ်- ကလေးလမ်းကြောင်းကို စစ်ကောင်စီတပ်က အသည်းအသန် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲများလည်းပြင်းထန်နေဆဲ ဖြစ်ပါတယ်။
သတင်း – S-L
ဓာတ်ပုံ – လူမှုကွန်ယက်
#မုံရွာ-ကလေးဝ-ယာကြီးလမ်း #တမူး-ခမ်းပါတ်-ကလေးလမ်း #တိုက်ပွဲပြင်းထန်ဆဲ #စစ်ကောင်စီ #Zalen

















