သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ချင်းပြည်နယ်အစိုးရကို ကန်ပက်လက်အမတ် ဝေဖန်

သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ချင်းပြည်နယ်အစိုးရကို ကန်ပက်လက်အမတ် ဝေဖန်

ကန်ပက်လက် ပြည်နယ်အမတ် ဦးကွီးထန်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုနေစဉ်

မြို့နယ် အလိုက် ဘတ်ဂျက်ခွဲဝေမှု မညီမျှခြင်းကြောင့် ချင်းပြည်နယ် အစိုးရကို သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းက ဝေဖန်လိုက်ပါတယ်။

(၁၉)ကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ပထမနေ့ (စက်တင်ဘာ ၂၅)ရက်တွင် ၂၀၁၉-၂၀၂၀ ပြည်နယ် န.တ.လ ထပ်တိုးဘတ်ဂျက်မေးခွန်းမေးမြန်းစဉ် အခုလို ဝေဖန်လိုက်တာပါ။

လွှတ်တော်အမတ် ဦးကွီးထန်က “ချင်းပြည်နယ် ဘတ်ဂျက်ခွဲဝေမှုမှာ မြို့နယ်အလိုက်မျှမျှတတဖြစ်ဖို့ ပြောတုန်းကတော့ အစိုးရက ဟုတ်ကဲ့လို့ပြောပါတယ်။ လက်တွေ့မှာတော့ သူတို့ လုပ်ချင်တဲ့အတိုင်း ဖြစ်ဖြစ်သွားတယ်လေ။ အပြောမှာတော့ အဆင်ပြေကြတယ်။ တကယ့်လက်တွေ့တွေ၊ စီမံကိန်းတွေလုပ်လာတဲ့ခါကျတော့ ဝန်ကြီးတွေ ရှိတဲ့ မဲဆန္ဒနယ်မှာ ဘတ်ဂျက်တွေ အသာစီးရနေတယ်။ တကယ်ဆို သူတို့ မိဘနေရာမှာနေပြီး ၉ မြို့နယ်လုံးမှာ ညီတူညီမျှဖြစ်အောင် မိဘနေရာမှာ စီမံခန့်ခွဲရမှာကိုး။ လမ်းဦးစီးဌာနက ဥပမာတစ်ခုထဲပြောတာ။ တခြားဌာနတွေလည်းအများကြီးပဲ။ မေးခွန်းမေးတဲ့ခါမှာ ပြောရင်းနဲ့ သခင်ယေရှုပြောတဲ့စကားနဲ့ပြောလိုက်တာပါ” လို့ပြောပါတယ်။

Zalen ad

၂၀၁၉-၂၀၂၀ ပြည်နယ်ဘတ်ဂျက်ကို ၁၉ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ယင်းဘတ်ဂျက်ထဲမှ လမ်းဦးစီးဌာန တစ်ခုထဲတွင် ဟားခါးမြို့နယ်မှာ သန်း ၉၀၀၀ ကျော်၊ ဖလမ်းမြို့နယ်တွင် သန်း ၇၀၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် သန်း ၅၀၀၀ ကျော်၊ မင်းတပ်ဆိုရင် ၂၀၀၀၊ ကန်ပက်လက်မြို့နယ်ဆိုရင် ၂၁၀၀ သာ ချပေးထားပါတယ်လို့ ဦးကွီးထန်းက ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်