ပခုက္ကူမှာချင်းလူငယ်နှစ်ဦးဆိုင်ကယ်မောင်းစဉ် နောက်မှကားဖြစ်တိုက်ခံရ လူနာတစ်ယောက် မန္တလေးသို့လွဲပြောင်း

ပခုက္ကူမြို့မှာ ချင်းလူငယ်နှစ်ဦးစီးနှင်လာတဲ့ဆိုင်ကယ်ကို နောက်ကနေ ကားတစ်စီးကဝင်တိုက်မှု ဇူလိုင်(၂၄)ရက် ညနေ (၈)နာရီခန့်တွင်ဖြစ်ပွားတယ်။

ဖြစ်စဉ်မှာ ယဉ်မောင်း ဆလိုင်း အောင်လိန်းထန် (သချာၤမေဂျာ ကျောင်းပြီး) နဲ့မိုင် မေရီလင်း (ပထဝီဝင်၊ ဒုတိယနှစ်) တို့ စီးနှင်းလာသော ဆိုင်ကယ်ဟာ ပခုက္ကူမြို့၊ မြို့ပတ်လမ်း၌ မြှောက်မှတောင်သို့ လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အနီးတွင် ယဉ်မောင်းအမည်မသိ မောင်းနှင်လာသော ကားအနက်ရောင် ကားနံပါတ် 5J – 5678မှ နောက်ကနေ ဝင်တိုက်ပါတယ်။ နောက်ပါစီးနှင်းသူ မိုင် မေရီလင်းမှာ ဦးခေါင်းပြင်းထန်ဒါဏ်ရာ၊ ခါး၊ ခြေလက်များ ထိကာ ကောင်းမွန်စွာ သတိရခြင်းမရှိပဲ ပခုက္ကူပြည်သူဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတင်ရပါတယ်။ ဇူလိုင်(၂၅)ရက် နံနက် (၂)နာရီမှာ မိုင်မေရီလင်းကို ပခုက္ကူပြည်သူ့ဆေးရုံကနေ မန္တလေးပြည်သူ့ဆေးရုံသို့ဖြူစင်သူပရဟိတအသင်းနာရေးယာဉ်နဲ့လွှဲပြောင်းထားပါတယ်။ ယဉ်မောင်သူ ဆလိုင်း အောင်လိန်းထန်မှာလည်း ဘယ်ခြေဖဝါးနှင် လက်များတွင် ဒါဏ်ရာရရှိထားပါတယ်။

ဆိုင်ကယ်နောက်ကနေ ဝင်တိုက်သွားတဲ့ မော်တော်ယာဉ်ကို ယင်းညတွင်ဖမ်းဆီးရမိပေမယ့် ယာဉ်မောင်းအား ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။

Zalen ad

 

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်