ကလေးမြို့တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ ဒေသခံများစွာ ရေလွတ်ရာသို့ ပြောင်းရွှေ့နေရ

စက်တင်ဘာ ၈၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် စက်တင်ဘာ ၇ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်သာမြစ်ရေ မြှင့်တက်၍ ကလေးမြို့ လူနေရပ်ကွက်များထဲ ရေလျှံကာ ဒေသခံများစွာ ရေလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည်ဟု သတင်းရရှိပါသည်။

မြေနိမ့်ပိုင်းရပ်ကွက် မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မဂင်္လာ၊ အောင်‌မေတ္တာ၊ တာဟန်း၊ ကြို့သုံးပင်၊ ပင်လုံစသည့် ရပ်ကွက်များထဲ ရေ၀င်ရောက်နေပြီး တာဟန်း ဈေးဆိုင်တွေလည်း ပိတ်ထားရကြောင်းဒေသခံများက ဆိုပါသည်။

“မိုးကတော့ တော်တော်များပါတယ်။ မနေ့ကတည်းက သဲသဲမဲမဲကိုရွာတာ။ ချင်းတောင်ဖက်လည်း မိုးသဲသဲမဲမဲကိုရွာနေတာ။ အဲ့ဒါကြောင့်လည်း ကလေးမြို့က လမ်းဘေး မြောင်းရေတွေပါ မြင့်တက်လာကုန်တော့တာ” ဟု ရေမြှုပ်ရာရပ်ကွက်တွင်နေထိုင်သူက ဆိုပါသည်။

“အိမ်ထဲက ကုတင်ကို အုတ်ခဲနဲ့ ခုထားရတယ်။ ၂၀၁၅ ကလေးမြို့ရေကြီးတုန်းကတောင် ကြို့သုံးပင်ထိတော့မရောက်ဘူးဗျ။ ဒီနှစ်တော့ ခါးလယ်လောက်ထိဝင်လာတယ်။ ပစ္စည်းတွေလည်းရွှေ့နေရတယ်။” ဟု ကြို့သုံးပင်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာအနံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်တွေက ခန့်မှန်းထားပါသည်။

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်