တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆
Zalen

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။

လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ZNP ပါတီမှ ပူဇိုဟေးဆာဇမ်ဒါလ် တစ်ဦးတည်းသာရှိပြီး လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

Zalen ad

အဲဒီ လွှတ်တော်မဖွင့်လှစ်မီ တွန်းဇံမြို့ပြန်လည်ပတ်နိုင်ရေးအတွက် မည်သည့် လုပ်ငန်းစဥ်ကို ဦးစားပေးလုပ်ဆောင်ရမယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပူဇမ်ဒါလ်ဟာ တွန်းဇံမြို့ရှိ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံကာ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့ပြင် မေလ ၂၂ ရက်နေ့က နေ့လယ်ပိုင်းမှာ တီးတိန်မြို့နယ်၊ ခိုင်ကမ်မြို့ရှိ အစိုးရဌာနဆိုင်ရာအသီးသီးက ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ZNP ပါတီက လွှတ်တော်ကိုယ်စားလှယ် ပူပေါင်လွန်းနဲ့ အထွေထွေအတွင်းရေးမှူး ပူဒဲရစ်ကမ်ဇာအာလ်တို့ဦးဆောင်ပြီး ပါတီတာဝန်ရှိသူတွေ သွားရောက်ခဲ့ကြပါတယ်။

အစိုးရဝန်ထမ်းတွေနဲ့ တွေ့ဆုံတဲ့ အဆိုပါအခမ်းအနားကို ခိုင်ကမ်မြို့ရှိ ဌာနဆိုင်ရာအကြီးအကဲတွေ တက်ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် ပူပေါင်လွန်းက အားပေးစကား ပြောကြားခဲ့ပါတယ်။

၎င်းပြင် ဒေသတွင်း ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်အချို့ကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်ကလည်း ကလေးမြို့မှ တီးတိန်ဘက်ကို နေရပ်ပြန်မယ့် စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်အား မထွက်ခွာမီ ပူပေါင်လွန်း က အားပေးစကား ပြောကြားခဲ့ပြီးနောက် နေ့လယ်စာ ကျွေးမွေးလှူဒါန်းမှု ပြုလုပ်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့အနီး ဂျက်ဖိုက်တာ နဲ့ ဗုံး ကြဲတိုက်ခိုက်

မေ ၂၅၊ ၂၀၂၆ Zalen  ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတဝိုက်ကို စစ်ကောင်စီက မေလ ၂၄ ရက်၊ ညသန်းခေါင်ယံအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကို မေလ ၂၄ ရက်၊ ည ...

ဆက်ဖတ်ရန်