ကလေးမြို့နယ်တိုက်ပွဲတွင် PDF Kalay အဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရ

ကလေးမြို့နယ် အနောက်မြောက်ဘက် ပြည်တော်သာကျေးရွာနားမှာ ဒေသကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဧပြီ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် PDF Kalay တပ်ရင်း (၃)က ရဲဘော် ၃ ဦးကျဆုံးကာ ၆ ဦးဒဏ်ရာရရှိကြတယ်လို့သတင်းရရှိပါတယ်။

ဒဏ်ရာရရှိသူတွေဟာ လက်နက်ကြီးကျည်ထိမှန်လို့ဒဏ်ရာရရှိကြတာဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ တာဝန်ရှိသူတွေထံမှသိရတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မိုင်နွှဲရွာဘက်ကနေ စစ်ကြောင်း ၁ ကြောင်း၊ ကျောင်းတိုက်နဲ့ ဆည်တော်ဦးရွာဘက်ကနေ စစ်ကြောင်း ၁ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းနဲ့ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ပြည်တော်သာကျေးရွာအနီးဝန်းကျင်မှာ  PDF (Kalay) ၊ Zomi PDF ၊ PDA ၊ CNDF ၊ CDM (Siyin) ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲများနဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီထိ တိုက်ပွဲဖြစ်ပွားကြပါတယ်။

Zalen ad

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးမယ်လို့ယူဆကြောင်း PDF Kalay ကထုတ်ပြန်ထားပါတယ်။

ယင်းနေ့ညနေပိုင်းမှာ နန်းချောင်းရွာကနေ ဆည်တော်ဦး၊ ကျောင်းတိုက်ရွာဘက်သို့ စစ်ကောင်စီတပ်သားတွေပြန်လည်ဆုတ်ခွာခဲ့ကြပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တိုက္ပြဲတြင္ PDF Kalay အဖြဲ႕ဝင္ ၃ ဦးက်ဆုံးၿပီး ၆ ဦးဒဏ္ရာရ

ကေလးၿမိဳ႕နယ္ အေနာက္ေျမာက္ဘက္ ျပည္ေတာ္သာေက်း႐ြာနားမွာ ေဒသကာကြယ္ေရးတပ္နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ ဧၿပီ ၁၃ ရက္ေန႔က တိုက္ပြဲျဖစ္ပြားတာေၾကာင့္ PDF Kalay တပ္ရင္း (၃)က ရဲေဘာ္ ၃ ဦးက်ဆုံးကာ ၆ ဦးဒဏ္ရာရရွိၾကတယ္လို႔သတင္းရရွိပါတယ္။

ဒဏ္ရာရရွိသူေတြဟာ လက္နက္ႀကီးက်ည္ထိမွန္လို႔ဒဏ္ရာရရွိၾကတာျဖစ္ၿပီး အသက္အႏၲရာယ္စိုးရိမ္စရာမရွိဘူးလို႔ တာဝန္ရွိသူေတြထံမွသိရတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ မိုင္ႏႊဲ႐ြာဘက္ကေန စစ္ေၾကာင္း ၁ ေၾကာင္း၊ ေက်ာင္းတိုက္နဲ႔ ဆည္ေတာ္ဦး႐ြာဘက္ကေန စစ္ေၾကာင္း ၁ စုစုေပါင္း စစ္ေၾကာင္း ၂ ေၾကာင္းနဲ႔ အင္အား ၃၀၀ ခန႔္ျဖင့္ စစ္ေၾကာင္းထိုးလာရာ ျပည္ေတာ္သာေက်း႐ြာအနီးဝန္းက်င္မွာ PDF (Kalay) ၊ Zomi PDF ၊ PDA ၊ CNDF ၊ CDM (Siyin) ၊ ပ.က.ဖ ပူးေပါင္းတပ္ဖြဲမ်ားနဲ႔ မနက္ ၁၀ နာရီကေန ညေန ၃ နာရီထိ တိုက္ပြဲျဖစ္ပြားၾကပါတယ္။

အဲ့ဒီတိုက္ပြဲမွာ စစ္ေကာင္စီဘက္က အနည္းဆုံး ၅ ဦးေသဆုံးမယ္လို႔ယူဆေၾကာင္း PDF Kalay ကထုတ္ျပန္ထားပါတယ္။

ယင္းေန႔ညေနပိုင္းမွာ နန္းေခ်ာင္း႐ြာကေန ဆည္ေတာ္ဦး၊ ေက်ာင္းတိုက္႐ြာဘက္သို႔ စစ္ေကာင္စီတပ္သားေတြျပန္လည္ဆုတ္ခြာခဲ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်