ကလေးမြို့မှာ စစ်ဘေးရှောင်တွေများလာလို့ အိမ်ငှားခတွေ ဈေးတက်

၄၊ ဒီဇင်ဘာ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ဘေးတိမ်းရှောင်သူတွေ များလာတာကြောင့် အိမ်ငှားရမ်းခတွေ အရင်ကထက် ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က တစ်လကို ၅ သောင်းကျပ်နဲ့ ဌားရမ်းနိုင်တဲ့ သစ်သားပျဉ်ထောင်အိမ်တွေကို လက်ရှိမှာ ၁သိန်းခွဲကျပ်လောက်အထိ ပေးပြီး ငှားရမ်းနေရတယ်လို့ သိရပါတယ်။

Zalen ad

တိုက်ပွဲတွေကြောင့် တီးတိန်မြို့၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့တွေက ဒေသခံတွေဟာ ကလေးမြို့ကို အများစု တိမ်းရှောင်လာတာကြောင့် ငှားရမ်းနေထိုင်နိုင်တဲ့ အိမ်တွေလည်း ရှားပါးလာတယ်လို့ ဆိုပါတယ်။

” အရင်က လေးငါးသောင်းလောက်နဲ့ အိမ်ဌားလို့ ရနိုင်တယ်။ အခုတော့ အိမ်ငှားခ တော်တော် ဈေးတက်သွားတယ်။ တချို့ဆို ခြောက်သိန်းလောက်အထိကို တက်တယ်။ အိမ်ငှားဖို့ကလည်း ရှားလာတယ်။ “

အိမ်ငှားခ ဈေးတက်လာတာကြောင့် ငှားရမ်းနေထိုင်ဖို့ စစ်ဘေးရှောင်တွေဟာ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်ငှားရှာမရတဲ့ စစ်ဘေးရှောင်တွေဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာပဲ နေနေရတယ်လို့ သိရပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရ

ဧပြီလ ၁၃၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းမှာဖော်ပြထားပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ  နာဂလင်အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) လို့ ယူဆရတဲ့ သံသယရှိ ...

ဆက်ဖတ်ရန်