ကလေးမြို့မှာ ကလေး ၅ ယောက်မိခင်တစ်ဦး ကြိုးဆွဲချသေဆုံး

ကလေးမြို့မှာ ကလေး ၅ ယောက်မိခင်တစ်ဦး ကြိုးဆွဲချသေဆုံး

ကလေးမြို့ တာဟန်းရပ်ကွက်တွင် ကလေး ၅ ယောက်မိခင် ဒေါ်ကျိမ်ဝိုက်ဒိမ်- Cing Huai Dim (၃၂ နှစ်)ဟာ ဇူလိုင်လ ၁၃ ရက် မနက်တွင် ကြိုးဆွဲချသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

၎င်းဟာ ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက်မှာနေထိုင်တဲ့သူပြီး ယခုလို မိမိကိုယ်ကိုယ်သေကြောင်းကြံစဉ်တဲ့ အကြောင်းရင်းကိုတော့မသိရပါ။

တာဟန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇမ်ဒိုးနန်က “ဒီကိစ္စကို ကျနော့်ဆီဖုန်းဆက်လာတာက မနက် ရး၅၈ မိနစ်မှာပါ။ သူက တာဟန်း နယ်မြေ ၉ လမ်းဘေးတစ်နေရာက သရက်ပင်မှာ သံကြိုးနဲ့ဆွဲချတာ။ မနက်ပိုင်းမှာ သူတို့အရင်ကနေခဲ့တဲ့ မွန်လိုင်ရပ်ကွက်အိမ်ခြံပေါ်ကသံကြိုးယူသွားတာ အိမ်ရှင်ကတွေ့တယ်တဲ့” လို့ပြောပါတယ်။

Zalen ad

ဇူလိုင် ၁၄ ရက်တွင်လည်း ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု၊ မြောင်းလှကျေးရွာတွင် အသက် ၄၀ အရွယ် ဦးထွန်းမင်းဦးဟာ ရွာအထွက်သစ်ပင်တွင် ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ...

ဆက်ဖတ်ရန်