ကလေးမြို့ တာဟန်း အ.ထ.က(၂)ကျောင်းနားမှာ အိမ် နှစ်လုံးမီးလောင်

ကလေးမြို့ တာဟန်း အ.ထ.က(၂)ကျောင်းနားမှာ အိမ် နှစ်လုံးမီးလောင်

ကလေးမြို့ တာဟန်း အ.ထ.က(၂)ကျောင်း အရှေ့ဘက်မှာ ယနေ့ မွန်းလွဲ(၁း၃၀)ခန့်မှာ အိမ်နှစ်လုံးမီးလောင်သွားပါတယ်။

ဖြစ်စဉ်မှာ ဦး…. တို့ အိမ်ငှားချထားတဲ့ သစ်သားနှစ်ထပ်အဆာင်မှ ဂစ့်မီးဖိုကနေ ဟင်းချက်နေစဉ် စတင်မီးလောင်သွားခြင်းဖြစ်တယ်။

ပြီးနောက် ဘေးနားရှိ ဦး…တို့အိမ်သို့ မီးကူးသွားပါတယ်။

Zalen ad

အခင်းဖြစ်ပွားရာသို့သွားရောက်တဲ့ ဦးကိမ်းခိုင်က “အိမ်က သစ်သားဆိုတော့ မီးလောင်တာမြန်တယ်။ အဲ့တစ်ဝိုက်မှာ အိမ်တွေကြပ်နေပေမယ့် ဘေးနားလူတွေဝိုင်းကာကွယ်ပေးလို့ နှစ်အိမ်ပဲပါသွားတယ်”လို့ပြောပါတယ်။

မီးလောင်ရာသို့ မီးသတ်ကား (၄)စီး၊ စစ်တပ်ရေသည်ကား တစ်စီးတို့ရောက်လာပြီး ညနေ ၂း၃၀မှာ မီးငြိမ်းသွားပါတယ်။

ကလေးမြို့မှာ ဇန်နဝါရီလအတွင်း တာဟန်းရပ်ကွက်မှာ အိမ် (၂)လုံး၊ လှိုင်သာယာရပ်ကွက်မှာ အိမ် တစ်လုံးမီးလောင်သွားပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်