ချင်းလူမျိုးထဲကမလုပ်ရင် ဗမာတွေလာမှာလို့ ချင်ပြည်နယ်စစ်ကောင်စီကခန့်အပ်တဲ့ ဦးခွထီးယိုကဆို

အာဏာသိမ်းစစ်ကောင်စီကဖွဲ့စည်းတဲ့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေချုပ်အဖြစ် ဦးခွထီးယိုက ခန့်အပ်ကြောင်း ဒီကနေ နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြထားပါတယ်။

၎င်းဟာ ချင်းပြည်နယ်ဥပဒေအရာရှိ အဆင့် -၁ နဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်တွင် သက်ပြည့်ပင်စင်ယူ ခဲ့ပါတယ်။ ဖလမ်းမြို့နယ် ဟလွန်မွောလ်(Hlawnmual) ကျေးရွာဇာတိဖြစ်ပြီး လက်ရှိ ကလေးမြို့ တောင်ဇလပ်ရပ်ကွက် နယ်မြေ (၅) တွင်နေထိုင်ပါတယ်။

ဦးခွထီးယိုက “အရင်ကကိုယ်ရေးချက်လက်ကိုတော့တောင်းတယ်။ ရာထူး လက်ခံတယ်၊ လက်မခံဘူးဆိုတာ မိသားစုအတွင်းမှာ အရင်ဆွေးနွေးမယ်။ ချင်းလူမျိုးတွေထဲကတစ်ယောက်မှ လုပ်မယ့်သူမရှိရင် ဗမာတွေလာမှာပဲ” လို့ ဒီမနက် Zalen မီဒီယာနဲ့အင်တာဗျူးပြုလုပ်စဉ် ပြန်လည်ဖြေကြားထားပါတယ်။

ဦးခွထီးယို ဟာ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။

Zalen ad

ဦးခွထီးယိုဟာ ကလေးမြို့နယ် ကြံခိုင်းရေးဥက္ကဌဟောင်းဖြစ်သလို ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာကို ကြံခိုင်ရေးပါတီကိုယ်စားလှယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

(Zawgyi)

ခ်င္းလူမ်ဳိးထဲကမလုပ္ရင္ ဗမာေတြလာမွာလုိ႔ ခ်င္ျပည္နယ္စစ္ေကာင္စီကခန္႔အပ္တဲ့ ဦးခြထီးယိုကဆို

အာဏာသိမ္းစစ္ေကာင္စီကဖြဲ႔စည္းတဲ့ ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥပေဒခ်ဳပ္အျဖစ္ ဦးခြထီးယိုက ခန္႔အပ္ေၾကာင္း ဒီကေန ႏိုင္ငံပိုင္သတင္းစာေတြမွာေဖာ္ျပထားပါတယ္။

၄င္းဟာ ခ်င္းျပည္နယ္ဥပေဒအရာရွိ အဆင့္ -၁ နဲ႔ ၂၀၁၀ ခုႏွစ္ဝန္းက်င္တြင္ သက္ျပည့္ပင္စင္ယူ ခဲ့ပါတယ္။ ဖလမ္းၿမိဳ႕နယ္ ဟလြန္ေမြာလ္(Hlawnmual) ေက်းရြာဇာတိျဖစ္ၿပီး လက္ရွိ ကေလးၿမိဳ႕ ေတာင္ဇလပ္ရပ္ကြက္ နယ္ေျမ (၅) တြင္ေနထုိင္ပါတယ္။

ဦးခြထီးယိုက “အရင္ကကိုယ္ေရးခ်က္လက္ကိုေတာ့ေတာင္းတယ္။ ရာထူး လက္ခံတယ္၊ လက္မခံဘူးဆိုတာ မိသားစုအတြင္းမွာ အရင္ေဆြးေႏြးမယ္။ ခ်င္းလူမ်ဳိးေတြထဲကတစ္ေယာက္မွ လုပ္မယ့္သူမရွိရင္ ဗမာေတြလာမွာပဲ” လို႔ ဒီမနက္ Zalen မီဒီယာနဲ႔အင္တာဗ်ဴးျပဳလုပ္စဥ္ ျပန္လည္ေျဖၾကားထားပါတယ္။

ဦးခြထီးယို ဟာ သမၼတဦးသိန္းစိန္လက္ထက္မွာ ဖြဲ႕စည္းခဲ့တဲ့ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္မွာ အဖြဲ႕ဝင္အျဖစ္ ပါဝင္ခဲ့ပါတယ္။

ဦးခြထီးယိုဟာ ကေလးၿမိဳ႕နယ္ ၾကံခိုင္းေရးဥကၠဌေဟာင္းျဖစ္သလို ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ စစ္ကုိင္းတုိင္း ခ်င္းေရးရာဝန္ၾကီးေနရာကို ၾကံခိုင္ေရးပါတီကိုယ္စားလွယ္ကေန ဝင္ေရာက္ယွဥ္ျပိုင္ခဲ့ေပမယ့္ ရံႈးနိမ့္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

MNDAA က TNLA ထိန်း ချုပ်ထားတဲ့ရွာတွေက အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

မတ် ၂၀ ၊၂၀၂၆ Zalen ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်