တွန်းဇံမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ Tungtuang ရွာအနီး တိုက်ပွဲပြင်းထန်

မေ ၁၉၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်းမှာ မေလ ၁၈ ရက်နေ့ ညနေပိုင်းကစပြီး ZRA-စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ ချင်လဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ZRA နဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို စစ်ကြောင်းထိုး ချီတက်လာတာကြောင့် Tungtuang ကျေးရွာနဲ့ တွန်းဇံမြို့အကြားမှာ နှစ်ဖက်တပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

” လက်ရှိကတော့ Tungtuang ရွာမှာ စကစ စစ်ကြောင်းနဲ့ CC တပ်တွေ တိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ခဏခဏ ဗုံးလာကြဲနေတယ်။ လူငယ်တွေ ရှိမယ်‌ထင်တဲ့ နေရာတွေမှာ ကြဲနေတာ။ ” လို့ ဒေသခံတဦးက ပြောပါတယ်။

မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးခဲ့ပြီး၊ မေလ ၁၈ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ တွန်းဇံမြို့ပေါ်ကို စစ်လေယာဉ်နဲ့ ဗုံးတွေ ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရှိရသေးပါ။

Mary

#တွန်းဇံမြို့ #Tungtuang #စစ်ကောင်စီ#လေကြောင်း#ဗုံးကြဲ #Zalen

နောက်ဆုံးရသတင်းများ

တမူးခရိုင်တွင် ၄ လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၁၈ ဦးခန့် ဖမ်းဆီးခံရ

မေ ၁၉၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးခရိုင်မှာ ပြီးခဲ့တဲ့ ၄ လတာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး၊ ၁၈ ဦးထက်မနည်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ကူကီးအမျိုးသမီး ...

ဆက်ဖတ်ရန်