စပိန်အဆင့်မြင့်တရားရုံးက အဆိုတော် ရှာကီရာကို အခွန်ရှောင်မှုစွပ်စွဲချက်တွေ ကင်းလွတ်ခွင့်ပြု

မေ ၁၉၊၂၀၂၆

Zalen

Zalen ad

ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) အပေါ် ၂၀၁၁ ခုနှစ်က အခွန်ရှောင်ခဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားမှုကို စပိန်အဆင့်မြင့်တရားရုံးက ပယ်ဖျက်ကာ အမှုမှ ကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စပိန်နိုင်ငံရဲ့ လက်ရှိဥပဒေအရ လူတဦးကို အခွန်ထမ်းဆောင်ရမယ့် ဌာနေနိုင်ငံသားအဖြစ် သတ်မှတ်နိုင်ဖို့အတွက် ၎င်းနိုင်ငံအတွင်း တနှစ်လျှင် အနည်းဆုံး ၁၈၃ ရက် နေထိုင်ခဲ့ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့်လည်း အဆိုတော် ရှာကီရာသည် ၂၀၁၁ ခုနှစ်အတွင်း စပိန်နိုင်ငံမှာ ၁၈၃ ရက်ထက်ပို၍ နေထိုင်ခဲ့တယ်ဆိုတဲ့အချက်ကို အစိုးရအာဏာပိုင်တွေဘက်က ခိုင်လုံစွာ သက်သေမပြနိုင်ခဲ့ဘူးလို့ တရားရုံးက ထုတ်ပြန်ခဲ့ပါပါတယ်။

ဒါ့ကြောင့် ယခင်က ချမှတ်ထားခဲ့တဲ့ ယူရို ၅၅ သန်းခန့် ဒဏ်ရိုက်မှုကို တရားရုံးက ချက်ချင်းပယ်ဖျက်ပေးခဲ့ပါတယ်။

ဒါ့အပြင် တရားရုံးဟာ စပိန်အခွန်ဌာနအနေဖြင့် ရှာကီရာထံမှ ရယူထားသော ငွေကြေးတွေကို အတိုးနှုန်းအပါအဝင် ယူရိုသန်း ၆၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်) ကို ရှာကီရာထံသို့ ပြန်လည်ပေးအပ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

စပိန်အခွန်ဌာနဘက်က အခုအဆင့်မြင့်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ တရားလွှတ်တော်ချုပ် (Supreme Court) သို့ ထပ်မံအယူခံဝင်သွားမည်ဟု တုံ့ပြန်ပြောကြားထားပါတယ်။

ဒါ့ကြောင့် တရားလွှတ်တော်ချုပ်ရဲ့ နောက်ဆုံးအဆင့် အမိန့်မထွက်မချင်း ရှာကီရာထံသို့ မည်သည့်ငွေကြေးမျှ ပြန်လည်ပေးလျော်ဦးမည်မဟုတ်ဘူးလို့ သိရပါတယ်။

ရှာကီရာရဲ့ ရှေ့နေဖြစ်သူက “ဒီအမှုဟာ ၈ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီး ရှာကီရာအတွက် စိတ်ပိုင်းဆိုင်ရာ အလွန်ပင်ပန်းဆင်းရဲမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုတော် ရှာကီရာကလည်း”ဒီအမှုဟာ အခွန်စနစ်တွေရဲ့ အားနည်းချက်ကြောင့် သာမန်ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး မတရားပြုကျင့်တာတွေကို ခံရနိုင်လဲဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

သတင်း-ဆလိုင်း

ကိုးကား-Firstpost

နောက်ဆုံးရသတင်းများ

စိုင်ပြင်ရဲစခန်းကို PDF စီးနင်းသိမ်းပိုက်၊ စခန်းမှူးက မိသားစုနှင့် ဒဏ်ရာရ စစ်သား တွေကို ပစ်ထားခဲ့ပြီး ထွက်ပြေး

မေ ၁၉၊၂၀၂၆ Zalen စစ်ကိုင်းတိုင်း ၊ရွှေဘိုခရိုင်အတွင်းရှိ စိုင်ပြင်မြို့နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ရာစခန်းမှူးက မိသားစုနှင့် ဒဏ်ရာရ စစ်သားတွေကို ပစ်ထားခဲ့ပြီး ထွ က်ပြေး သွားတယ်လို့ အမှတ်-၁ ၊ရွှေဘိုခရိုင်၊ပြည်သူ့ကာ ကွယ်ရေးတပ်မတော်က ...

ဆက်ဖတ်ရန်