ဂန့်ဂေါ-ရေဇွာလမ်းကို ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီ

၃၁၊ မေလ၊ ၂၀၂၄

Zalen

ပြီးခဲ့တဲ့မေလ ၂၄ ရက်ညပိုင်းကနေစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကာ လမ်းတွေပိတ်ထားတဲ့ ဂန့်ဂေါ-ရေဇွာလမ်းပိုင်း ကို ဒီကနေ့ မေလ ၃၁ ရက်ကစပြီး ပုံမှန်အတိုင်းပြန်လည် သွားလာနိုင်ပြီလို့သိရပါ တယ်။

“ဂန့်ဂေါ-ရေဇွာလမ်း ၄၆ မိုင်မြေပြိုနေရာကို ယနေ့ ၁ နာရီခွဲမှာ လမ်းပြန်ပွင့်သွားပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။”လို့ လမ်းပြုပြင်ထိန်းသိမ်းရေးတာဝန်ခံ ဆလိုင်းသေမတ်စ်က အသိပေးထား ပါတယ်။.

Zalen ad

အဲဒီမြေပြိုတဲ့ နေရာကို JCB နဲ့ ပြင်လို့မရတာကြောင့် Excavator နှစ်စီးခေါ်ကာ ပြုပြင်ခဲ့တာလို့သိရ ပါတယ်။မနေ့ မေလ ၃၀ ရက်နေ့မှာ လမ်းဖွင့်နိုင်ဖို့မျှော်လင့်ထားပေမယ့် Excavator တစ်စီးက ဒီမနက်ကမှ မြေပြိုတဲ့နေရာကို ရောက်လာကြောင့် ဒီကနေ့မှ ပြင်နိုင်တာလို့ သိရပါတယ်။

ဂန့်ဂေါ-ရေဇွာလမ်းပိုင်းက မတူပီနဲ့ ထန်တလန်မြို့နယ်ထဲက ကျေးရွာ တော်တော်များများကို ချိတ်ဆက်ပေး တဲ့ လမ်းမကြီးဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ကုလားတန်စီမံကိန်း အရှိန်မြှင့်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

ဇူလိုင် ၁၀၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ယခင်က ရပ်တန့်ထားရာမှ ပြန်လည်စတင်နေပြီး၊ ပိုမိုအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားပါတယ်။ ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ...

ဆက်ဖတ်ရန်