စစ်ကောင်စီတပ်က တီးတိန်မြို့ကိုမီးရှို့ဖျက်ဆီးနေ

၂၇၊မေ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊တီးတိန်မြို့မှာ ယမန်နေ့ကစပြီး ယနေ့ထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကတီးတိန်မြို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ယနေ့ မေလ ၂၇ရက်နေ့ ညနေ ၄နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဟာ တီးတိန်မြို့ ၊ မြို့မရပ်ကွက်ရှိ နေအိမ်များကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ယခုချိန် ညနေ၅နာရီကျော်ထိ မီးလောင်နေဆဲလို့လည်းသိရပါတယ်။

Zalen ad

“စကစ ကအထိနာရင် သူတို့လုပ်နေကျအတိုင်းမီးရှို့တာပဲ။မီးကလည်းငြိမ်းလို့မရ အိမ်တွေကလည်း ကပ်နေတော့ မီးတွေကူးတယ်။ဘယ်နှအိမ်လောင်တယ်ဆိုတာတော့ တိကျမသိရဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ယမန်နေ့ ညမှစပြီး တီးတိန်မြို့အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် တီးတိန်မြို့ရှိအရပ်သားပြည်သူ ရာနဲ့ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

တမူး-ကလေးလမ်းတိုက်ပွဲပြင်းထန်နေချိန် ဝိတုပ် ကျေးရွာကိုစစ်ကောင်စီက လေကြောင်းနဲ့ပစ်ကူတိုက်ခိုက်

ဇွန် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတုပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ကူ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်အမြစ်များကဆိုပါတယ်။ ဇွန်လ ၂၃ ရက်နေ့နေ့လည်က ဝိတုပ်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက လေကြောင်းနဲ့ အခုလို ...

ဆက်ဖတ်ရန်