ဆမီးမြို့တွင် အမျိုးသာတစ်ဦး မိုင်းနင်းမိသောကြောင့် ခြေထောက်နှစ်ဖက် ပြတ်သွား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အနီး ဘုံဝကျေးရွာနေ ဦးမုန်းယို (၃၇နှစ်) ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဆိုတောင်းတောင်တွင် မြက်ခင်းရှင်းရင်း မိုင်းနင်းမိသောကြောင့် ခြေထောက် နှစ်ဖက်လုံး ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

မိုင်းကြောင့် ညာဘက်ခြေထောက်ဟာ မရှိတော့ပဲ ဘယ်ဘက် ခြေထောက်ဟာလည်း တစစီပျက်စီးသွားကြောင်း လိုက်လံကူညီပေးသူ တစ်ဦးက ပြောပါတယ်။ ဦးမုန်းယို မိုင်းနင်းပြီးနောက် ပလက်ဝမြို့သို့မနေ့ကပဲ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာတော့ စစ်တွေကို ထပ်မံပို့ဆောင်ပေးရန် စီစဉ်ခဲ့ကြောင်း သိရပါတယ်။

ဦးမုန်းယိုဟာ ကလေး ၄ ယောက်၏ ဖခင်လည်းဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်