ဆမီးမြို့တွင် အမျိုးသာတစ်ဦး မိုင်းနင်းမိသောကြောင့် ခြေထောက်နှစ်ဖက် ပြတ်သွား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အနီး ဘုံဝကျေးရွာနေ ဦးမုန်းယို (၃၇နှစ်) ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဆိုတောင်းတောင်တွင် မြက်ခင်းရှင်းရင်း မိုင်းနင်းမိသောကြောင့် ခြေထောက် နှစ်ဖက်လုံး ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

မိုင်းကြောင့် ညာဘက်ခြေထောက်ဟာ မရှိတော့ပဲ ဘယ်ဘက် ခြေထောက်ဟာလည်း တစစီပျက်စီးသွားကြောင်း လိုက်လံကူညီပေးသူ တစ်ဦးက ပြောပါတယ်။ ဦးမုန်းယို မိုင်းနင်းပြီးနောက် ပလက်ဝမြို့သို့မနေ့ကပဲ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာတော့ စစ်တွေကို ထပ်မံပို့ဆောင်ပေးရန် စီစဉ်ခဲ့ကြောင်း သိရပါတယ်။

ဦးမုန်းယိုဟာ ကလေး ၄ ယောက်၏ ဖခင်လည်းဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

ပါတီဆိုင်းဘုတ်တွေဖျက်ဆီးလို့ လူငယ် လေးဦးကို စစ်ကောင်စီ ဖမ်းဆီး

နို၀င်ဘာ ၁၅၊ ၂၀၂၅ Zalen ရန်ကုန်မြို့မှာ စိုက်ထူထားတဲ့ နိုင်ငံ‌ရေးပါတီမဲဆွယ်ဆိုင်းဘုတ်တွေကို ဖြိုလှဲဖျက်ဆီးတာကြောင့် လူငယ် လေးဦးကို နိုဝင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဘုတ်တွေကို ...

ဆက်ဖတ်ရန်