တီးတိန်မြို့နယ်မှာ ဆိုင်ကယ်မှောက်ပြီးသေဆုံးတဲ့ အမည်မသိ အမျိုးသားအလောင်းတွေ့ရှိ

စက်တင်ဘာ ၂၀၊ ၂၀၂၃

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တုန်းဇံကျေးရွာနဲ့ ငါလ်ဘွားလ် (Ngal Bual) ကျေးရွာကြားမှာ ဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးနေတာကိုစက်တင်ဘာ ၁၉ရက်နေ့က တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူ အမျိုးသားဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ကို အတိအကျမသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

” ဆိုင်ကယ်နဲ့ ယောက်ျားလေးတစ်ယောက်လဲ နေတာကို တွေ့တာပဲ။ ဘယ်သူဘယ်ဝါမှန်းမသိဘူး။ မိုးကလည်းရွာနေတော့ လမ်းချော်ပြီး မှောက်တာဖြစ်မယ်။ တွေတဲ့ချိန်မှာ သူက သေနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Zalen ad

လက်ရှိ သေဆုံးသူအမျိုးသားရဲ့ အလောင်းကို ငါလ်ဘွားလ် (Ngal Baul) ZYA လူမှုကူညီရေးအသင်းက ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်က အီရန်ကို တိုက်ခိုက်ပြီးနောက် ရေနံဈေးမြင့်တက်၊စွမ်းအင်ဈေးကွက် စိုးရိမ်မှုမြင့်တက်လာ

ဇူလိုင် ၈၊ ၂၀၂၆Zalen အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပြီး၊ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာလည်း စိုးရိမ်မှုတွေ ထပ်မံမြင့်တက်လာပါတယ်။ နိုင်ငံတကာ ရေနံဈေးနှုန်း အညွှန်းကိန်းဖြစ်တဲ့ Brent Crude ဟာ ဇူလိုင် ၈ ...

ဆက်ဖတ်ရန်