တီးတိန်မြို့နယ်မှာ ဆိုင်ကယ်မှောက်ပြီးသေဆုံးတဲ့ အမည်မသိ အမျိုးသားအလောင်းတွေ့ရှိ

စက်တင်ဘာ ၂၀၊ ၂၀၂၃

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တုန်းဇံကျေးရွာနဲ့ ငါလ်ဘွားလ် (Ngal Bual) ကျေးရွာကြားမှာ ဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးနေတာကိုစက်တင်ဘာ ၁၉ရက်နေ့က တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူ အမျိုးသားဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ကို အတိအကျမသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

” ဆိုင်ကယ်နဲ့ ယောက်ျားလေးတစ်ယောက်လဲ နေတာကို တွေ့တာပဲ။ ဘယ်သူဘယ်ဝါမှန်းမသိဘူး။ မိုးကလည်းရွာနေတော့ လမ်းချော်ပြီး မှောက်တာဖြစ်မယ်။ တွေတဲ့ချိန်မှာ သူက သေနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ သေဆုံးသူအမျိုးသားရဲ့ အလောင်းကို ငါလ်ဘွားလ် (Ngal Baul) ZYA လူမှုကူညီရေးအသင်းက ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး 10G Broadband ကွန်ရက်ကို စတင်လိုက်ပြီ

ဒီဇင်ဘာ ၁၊ ၂၀၂၅ Zalen အင်တာနက်နည်းပညာ သမိုင်းမှာ မှတ်တမ်းတင်လောက်တဲ့ တိုးတက်မှုတစ်ခုအနေနဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံးသော 10-Gigabit (10G) broadband ကွန်ရက်ကို စီးပွားဖြစ် စတင်အသုံးပြုနေပြီလို့ ကြေညာလိုက်ပါတယ်။ ထိုမြန်နှုန်းမြင့် ကွန်ရက်ဟာ သုံးစွဲသူတွေကို ...

ဆက်ဖတ်ရန်