တောင်ကျချောင်းရေထဲ မိန်းကလေး (၃)ယောက်မျောပါပျောက်ဆုံးပြီး (၈)လအရွယ်ကလေးငယ် အခုထိမတွေ့သေး

မင်းတပ်မြို့နယ် လီလောင်းကျေးရွာနဲ့ မထိုးကျေးရွာကြား မုန်းချောင်းတွင် အောက်တိုဘာ (၁၉)ရက်ည ၇ နာရီခွဲခန့်တွင် လီလောင်းကျေးရွာသူအမျိုးသမီး ၂ ဦးနဲ့ကလေးတစ်ဦးဟာ တောင်ကျချောင်းရေတွင်းမျောပါသွားတယ်လို့သတင်းရရှိပါတယ်။

ကလေးမိခင် ဒေါ်ထက်လီကုန်း (၃၁)နှစ်ရဲ့အလောင်းကို ယင်းညတွင် ကျေးရွာနေပြည်သူတွေကတွေ့ရှိပြီး အသက် (၂၂)နှစ်အရွယ် မလောလီကုန်းရဲ့အလောင်းကို အောက်တိုဘာလ (၂၀)ရက် ညနေ ၄ နာရီခန့်တွင်ထပ်မံတွေ့ရှိပြီး မင်းတပ်ပြည်သူ့ဆေးရုံသို့ပို့ထားပါတယ်။

ဒေါ်ထက်လီကုန်း ရဲ့သမီး (၈)လအရွယ်မိန်းကလေးမူ ဒီနေ့ထိ မတွေ့နိုင်သေးပါ။ မိန်းကလေး ၃ ဦးမျောပါပျောက်သွားတဲ့ မုန်းချောင်းဟာ မင်းတပ်မြို့ကနေ မိုင် (၄၀) အကွာမှာရှိပါတယ်။

နောက်ဆုံးရသတင်းများ

အာသံက မာသီယာစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

ဇွန် ၂၆၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲက မာသီယာ (Matia) ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေဟာ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ခံနေရတယ်လို့ India for Myanmar ...

ဆက်ဖတ်ရန်