ဓာတုပစ္စည်း(ပြဒါး)ကြောင့် ငါးကြင်းဖြူမျိုးစိတ်များ ရှားပါးလာ

KIM

ရွှေထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်း(ပြဒါး)ကြောင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်ဒေသတဝိုက်တွင် ငါးကြင်းဖြူများ ရှားပါးလာရသည်ဟု ကချင်ပြည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးလကျုံဟောင်းခေါင်က ယခုလ ၁၃ရက်နေ့တွင် ဆိုသည်။

“ပြဒါးသုံးပြီး ဖမ်းတာပါ။ ဓာတ်ပြုတယ်ဆိုတော့ ရေထဲမှာရှိတဲ့ ငါးမျိုးစိတ်တွေနဲ့ မျက်စိနဲ့မြင်လို့မရတဲ့ Genetic(မျိုးရိုးဗီဇ)အားလုံးကို ထိသွားတာပေါ့”ဟု ၎င်းက ဆိုသည်။

“ကျနော်တို့ ဒီမှာ ငါးမဖမ်းပါဘူး။ ဖမ်းခွင့်မရှိတာ မဟုတ်ဘူး။ ငါးမှမရှိတာ”ဟု မြစ်ကြီးနားမြို့ မိုင်းနားရပ်ကွက်-၂မှ တံငါလုပ်ငန်းနှင့်အသက်မွေးသူ ဦးအောင်ရွှေက ဆိုသည်။

Zalen ad

လွန်ခဲ့သော နှစ်၂၀ခန့်က မြစ်ကြီးနားနှင့် ဝိုင်းမော်ဒေသတဝိုက်တွင် ငါးကြင်းဖြူများ ပေါများသော်လည်း ယခုအချိန်တွင် ရှားပါးလာပြီဖြစ်သည်ဟု ဦးလကျုံဟောင်းခေါင်က ပြောသည်။

တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော မိုင်းနားရပ်ကွက် – ၂သည်လည်း ယခုအချိန်တွင် မိသားစုလိုက် သစ်မျောဆယ်ခြင်းလုပ်ငန်းအား ပြောင်းလဲပြုလုပ်နေကြပြီဖြစ်သည်ဟု ဦးအောင်ရွှေထံက သိရသည်။

ငါးကြင်းဖြူရှားပါးလာပြီဖြစ်သောကြောင့် နေ့စဉ် ရန်ကုန်မြို့မှ ငါးကြင်းဖြူများ တင်သွားရသည်ဟု ဒေါ်ကြည်အေး ငါးရောင်းဝယ်ရေးက ပြောသည်။

ဓာတုပစ္စည်း(ပြဒါး)သည် ရေထုညစ်ညမ်းမှုကို ဖြစ်ပွားစေသော အကြောင်းတရားတွင် တစ်ခု အပါအဝင်ဖြစ်သည်ဟု စစ်တမ်းအရသိရသည်။

နောက်ဆုံးရသတင်းများ

MNDAA က TNLA ထိန်း ချုပ်ထားတဲ့ရွာတွေက အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

မတ် ၂၀ ၊၂၀၂၆ Zalen ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်