ပလက်ဝမြို့နယ်မှာ ဒေသခံ (၃၆၀)ကို နေ့စားလပေး ဆရာ၊မ အဖြစ်ခန့်အပ်

တိုက်ပွဲကြောင့် ပျက်စီးနေတဲ့ ကုန်ပြင်ရွာကျောင်းအားတွေ့ရစဉ်

ပလက်ဝမြို့နယ်မှာ ဒေသခံ (၃၆၀)ကို နေ့စားလပေး ဆရာ၊မ အဖြစ်ခန့်အပ်

ပလက်ဝမြို့နယ်မှာ ဆရာ၊မ မရှိတဲ့ကျောင်းမှာ ဒေသခံ (၃၆၀)ဦးကို နေ့စားလပေး ဆရာ၊မအဖြစ် ဇူလိုင်လ ၁ ရက်စပြီး စတင်ခန့်အပ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။

ယင်းစာကို ဇွန်လ ၂၁ ရက်တွင်ထုတ်ပြန်ထားတာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဆရာ၊မ လုံးဝမရှိတဲ့ကျောင်းပေါင်း (၁၁၈)ကျောင်းရှိပါတယ်။

ပလက်ဝမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်ကျောင်းသားများအားတွေ့ရစဉ်

ပလက်ဝမြို့နယ် ပညာရေးမှူး ဦးအောင်မင်းက “လုံလောက်မှုတော့မရှိဘူး။ ဒါပေမယ့် ဒီလောက်ဆိုရင်တော့အဆင်ပြေပါတယ်။ လုံးဝလုံခြုံရေးအခြေအနေမကောင်းတဲ့နေရာတွေပဲမသွားတာ။ ကျန်တဲ့နေရာကိုတော့ ဆရာ၊မအားလုံးသွားကြတယ်။ ပလက်ဝမြို့ရဲ့ အထက်ပိုင်းတော့ လုံခြုံရေးကြောင့် ဆရာ၊မတွေ ခွင့်ပြုမိန့်မရတဲ့တွက် မသွားနိုင်ဘူး။ အဲ့လို ကျောင်းမဖွင့်နိုင်တဲ့စာရင်းကတော့ အတိအကျမသိဘူး။သူတို့က တစ်လ သုံးသောင်းရမယ်” လို့ပြောပါတယ်။

Zalen ad

ပလက်ဝမြို့နယ်မှာ အခြေခံပညာကျောင်း ပေါင်း ၃၇၃ ကျောင်းရှိပြီး ဆရာ၊မ ၁၈၈၄ ဦးရှိတဲ့အနက် ၆၀၀ ကျော်လစ်လပ်နေတယ်လို့ မြို့နယ်ပညာရေးရုံးထံမှသိရပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်မှာ ဆရာ၊မ တစ်ယောက်စီသာရှိတဲ့ ကျောင်း (၉၄)ကျောင်းရှိပြီး ကျောင်းသား ၅၀ အောက်ရှိတဲ့ မူလတန်းကျောင်းတွေမှာ ဆရာ၊မ ၂ ဦးသာရှိပါတယ်။ ဒါကြောင့် ကျောင်းပေါင်း (၂၁၂)ကျောင်းမှာ စာသင်ရန်အခက်အခဲကြုံတွေ့နေရတယ်လို့ ဝန်ကြီးဦးစိုးထက်ကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်