ပြည်တော်သာရွာတိုက်ပွဲတွင် အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး

ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားစဉ် အိမ်ထဲမှာပုန်းခိုနေတဲ့ ဒေါ်ကျိန်ဆန်နွမ် (Nu Cing San Nuam) ၃၂ နှစ်ဟာ ကျည် ၃ချက်ထိမှန်ပြီးသွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

တိုက်ပွဲဟာ ဒီနေ့ ဧပြီ ၁၃ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီထိ ပြည်တော်သာရွာထဲမှာဖြစ်ပွားခဲ့ပါတယ်။

ဒေါ်ကျိန်ဆန်နွမ်နဲ့ အမျိုးသားဟာ အိမ်ထဲမှာပုန်းခိုနေစဉ် ဒေါ်ကျိန်ဆန်နွမ်ရဲ့လက်မောင်းနဲ့ ခြေထောက် ၂ ဘက်တွင် ကျည်ဆံထိမှန်သွားကာ သွေးထွက်လွန်ပြီးသေဆုံးသွားပါတယ်။ အလောင်းကို ချက်ချင်းမြေမြုပ်သဂြိုလ်ကြပါတယ်။ အမျိုးသားလည်း ခါးမှာ ကျည်ဆံထိမှန်ပြီးသွားတယ်လို့သိရတယ်။

Zalen ad

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ရွာထဲဆိုင်ခန်းတွေထဲက ကုန်ပစ္စည်းတွေကိုလုယူကြပြီး တွေ့သမျှလူတွေရဲ့ ဖုန်းကိုလည်း လုယူသွားကြပါတယ်။ ဒါ့ပြင် ပြည်တော်သာကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ညနေပိုင်းထိပြန်မလွတ်လာသေးဘူးလို့လည်း သတင်းရရှိပါတယ်။

Zawgyi

ျပည္ေတာ္သာ႐ြာတိုက္ပြဲတြင္ အမ်ိဳးသမီးတစ္ဦးက်ည္ထိမွန္ေသဆုံး

ကေလးၿမိဳ႕နယ္၊ ျပည္ေတာ္သာေက်း႐ြာမွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ၾကား တိုက္ပြဲျဖစ္ပြားစဥ္ အိမ္ထဲမွာပုန္းခိုေနတဲ့ ေဒၚက်ိန္ဆန္ႏြမ္ (Nu Cing San Nuam) ၃၂ ႏွစ္ဟာ က်ည္ ၃ခ်က္ထိမွန္ၿပီးေသြးထြက္လြန္ကာ ေသဆုံးသြားတယ္လို႔ ေဒသခံေတြထံက သတင္းရရွိပါတယ္။

တိုက္ပြဲဟာ ဒီေန႔ ဧၿပီ ၁၃ ရက္ မနက္ ၁၀ နာရီကေန ညေန ၃ နာရီထိ ျပည္ေတာ္သာ႐ြာထဲမွာျဖစ္ပြားခဲ့ပါတယ္။

ေဒၚက်ိန္ဆန္ႏြမ္နဲ႔ အမ်ိဳးသားဟာ အိမ္ထဲမွာပုန္းခိုေနစဥ္ ေဒၚက်ိန္ဆန္ႏြမ္ရဲ႕လက္ေမာင္းနဲ႔ ေျခေထာက္ ၂ ဘက္တြင္ က်ည္ဆံထိမွန္သြားကာ ေသြးထြက္လြန္ၿပီးေသဆုံးသြားပါတယ္။ အေလာင္းကို ခ်က္ခ်င္းေျမျမဳပ္သၿဂိဳလ္ၾကပါတယ္။ အမ်ိဳးသားလည္း ခါးမွာ က်ည္ဆံထိမွန္ၿပီးသြားတယ္လို႔သိရတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြဟာ ႐ြာထဲဆိုင္ခန္းေတြထဲက ကုန္ပစၥည္းေတြကိုလုယူၾကၿပီး ေတြ႕သမွ်လူေတြရဲ႕ ဖုန္းကိုလည္း လုယူသြားၾကပါတယ္။ ဒါ့ျပင္ ျပည္ေတာ္သာေက်း႐ြာသားတစ္ဦးကို စစ္ေကာင္စီတပ္က ဖမ္းဆီးေခၚေဆာင္သြားၾကၿပီး ညေနပိုင္းထိျပန္မလြတ္လာေသးဘူးလို႔လည္း သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

MNDAA က TNLA ထိန်း ချုပ်ထားတဲ့ရွာတွေက အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

မတ် ၂၀ ၊၂၀၂၆ Zalen ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်