မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီ မှလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်

၁၃ ၊ ဇွန် ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့ ၊မလယ်ကုန်း ကျေးရွာကို မနေ့ ဇွန် ၁၂ ရက်ည ၁၁နာရီ ၂၅မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေစဉ် ကျောက်ထုအမြောက်တပ် (အမတ ၃၆၈) မှ လှော်ဝ ကျေးရွာကို လက်နက်ကြီးဖြင့် တစ်ပြိုင်နက်ပစ်ခတ်မှုပြုလုပ်တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ က မလယ်ကုန်းကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်တွေပျက်စီးမှုရှိတယ်လို့သိရပြီး လက်နက်ကြီး ၂လုံးလည်း လှော်ဝရွာထဲမှာ ကျရောက်ပေါက်ကွဲလို့အိမ်တွေပျက်စီးသွားတယ်လို့ သိရပါတယ်။

Zalen ad

အဆိုပါလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသခံတစ်ဉီးက “လေယာဉ်ကနေကြဲတာက မလယ်ကုန်းရွာထဲမှာ။ အဲမှာလူမရှိတော့ပေမယ့်အိမ်တွေရှိတယ်။ အိမ်တွေထိတယ်။ လက်နက်ကြီးက မလယ်ကုန်းမှာ ၂လုံးပြန်ကျတယ်။ လှော်ဝမှာက ကျွန်တော့် အိမ်နားကတစ်လုံး၊ရွာထဲတစ်လုံးကျတယ်။ ကျွန်တော့်အိမ်လည်းထိတယ်။ ကျန်တဲ့အိမ်တွေထိတာလည်းရှိတယ်။ ၆ လုံးလောက်ခန့်မှန်းရတယ်။ အသေးစိတ်မသိရသေးဘူး။ ဖြစ်ဖြစ်ချင်း တောထဲအကုန်ပြေးကြတာ”လို့ Zalen ကိုပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ဇွန်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မင်းတပ်မြို့နယ်အတွင်း ၄ ကြိမ် အထိတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ တစ်ဉီးသေဆုံး၊ တစ်ဉီးဒဏ်ရာရ၊လူနေအိမ် ၁၅ လုံးနီးပါးပျက်စီးခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

ငွေပေးနိုင်တဲ့ အိမ်ရှေ့ပဲရပ်ပေးတဲ့ တမူးမြို့နယ် စည်ပင်ကားများကြောင့် ရပ်ကွက်အချို့မှာ အမှိုက်ညစ်ညမ်းမှုဖြစ်

မေ  ၂၈၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့နယ်၊ စည်ပင်သာရေးအဖွဲ့ရဲ့ အဂတိလိုက်စားမှုကြောင့် ရပ်ကွက်အချို့ အမှိုက်များနဲ့ ညစ်ညမ်းနေတယ်လို့ မြို့ခံများထံက သိရှိရပါတယ်။ တမူးမြို့မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်သယ်ကားကို ငွေကြေးပေးနိုင်တဲ့ အိမ်ရှေ့မှာပဲရပ်ပေးပြီး ရပ်ကွက်တိုင်းရဲ့ ...

ဆက်ဖတ်ရန်