မင်းတပ်မြို့ပေါ်ရှိလူနေအိမ်တွေကိုစစ်ကောင်စီတပ်ဖွဲ့၀င်များက မီးရှို့

၉ ၊နို၀င်ဘာ၊၂၀၂၄

Zalen

မင်းတပ်မြို့ပေါ် ရဲစခန်းအ ရှေ့ဘက်နဲ့ အနောက်ရပ်ကွက်ရှိလူနေ အိမ်တွေကို ခလရ ၂၇၄ တပ်ရင်းတွင်တပ်စွဲထားကြတဲ့စစ်ကောင် စီ တပ်ဖွဲ့၀င် စစ်သား၊ရဲများက နို၀င်ဘာလ ၉ ရက်ဒီကနေ့မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့၀င်များမီးရှို့ဖျက် ဆီးခဲ့တဲ့ နေရာကတော့ ခေါနူးရိပ်သာ အနီးတစ်ဝိုက်နဲ့ ဆောက်လုပ်ရေး၀န်းအနီးတစ် ဝိုက် ရှိ လူနေအိမ်တွေ ဖြစ်တယ်လို့သိရပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ဒေသခံတစ်ဦးက” မင်းတပ်မြို့အရှေ့ပြင်ဘက်ခြမ်းရယ်၊အ‌နောက်ရပ် ကွက်ဘက်ရယ်နှစ် နေရာမြင်ရတယ်၊ တောင် ယာကနေဆိုတော့မီးခိုးတွေလည်းမြင်ရတယ်၊မီး လောင်တာလည်းမြင်ရတယ်” လို့ Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်များရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်လူနေအိမ်ထိခိုက်ပျက်စီး‌ဆုံးရှုံးမှု ဘယ် လောက်အထိရှိတယ်ဆိုတာကိုတော့ဆက် လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလ ၃ ရက်နေ့ကလည်း ဆည် မြောင်း ရုံး၀န်းရှိ၀န်ထမ်းအိမ်ရာ‌ နေအိမ် ၅ လုံးခန့်ကို စစ်ကောင်စီတပ်ဖွဲ့၀င်များကမီးရှို့ဖျက် ဆီးခဲ့ပါတယ်။

သတင်း – မိုးပီအောင်

Photo Credit: Hkl Mindat

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်