မင်းတပ်မြို့ပေါ် ခလရ ၂၇၄ တပ်ရင်းကို စစ်ကောင်စီက ရိက္ခာအင်အားဆက်တိုက်ဖြည့်တင်းနေ

၅ ၊စက်တင်ဘာ ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့ ပေါ်တွင်တပ်စွဲနေထိုင်ကြတဲ့ ခလရ ၂၇၄ တပ်ရင်းကို စစ်ကောင်စီ လေကြောင်းကနေ ရိက္ခာအင်အားတွေဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီကသတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၈၊ ၃၁)ရက်၊စက်တင်ဘာလ ၃ ရက်နေ့ နဲ့ ဒီကနေ့ ၅ ရက်နေ့မှာ Y-12 ကုန်တင်၊ကင်းတောက်လေယာဉ် ဖြင့် ခဲယမ်း၊မီးကျောက်၊ဆေးလိပ် ၊စားသောက်ကုန်ရိက္ခာတွေကို ဆက်တိုက်ပို့ဆောင်နေပြီး လေထီးဖြင့်ရိက္ခာချနေစဉ်မှာလည်း ကင်းထောက် ဒရုန်းတွေ ပျံဝဲနေတယ်လို့သိတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးကတော့” ဒီနေ့လည်း Y-12နဲရိက္ခာပြန်လာဖြည့်ပါတယ်၊ပြီးတော့ ဒရုန်းတွေလည်းဝဲနေတယ်၊ ရိက္ခာတွေဆက်တိုက်ဖြည့်တာ အခု ၂၈ ကစပြီး ဒီနေ့အထိ လေးခါထက်မနည်းရှိတော့မယ်၊အရင်တုန်းကရိက္ခာလာဖြည့်ရင်လကုန်လောက်တစ်ခါပဲလာဖူးတာပါ” လို့ Zalen ကိုပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၉ နာရီ နဲ့၁၀နာရီ၀န်းကျင်အချိန် မှာလည်း စစ်ကောင်စီတပ်က ခလရ၂၇၄ တပ်ရင်းထဲကိုလေကြောင်း ကနေ လေထီးတွေနဲ့ ထပ်မံပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့တုန်းကလည်းမင်းတပ်မြို့နယ်အ နောက်ခြမ်း ၆မိုင်ကုန်းကိုစစ်ကောင်စီ ကလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ ဇန်ဇောလ်ရွာကို စစ်ကောင်စီကဗုံးကြဲလို့ ဒေသခံ နှစ်ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာ ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်ဇောလ်ရွာမှာ ...

ဆက်ဖတ်ရန်