မဏိပူရ်ပြည်နယ် မိုးရေးမြို့တွင် မြန်မာနိုင်ငံသား သုံးဦးသံသယဖြင့်ဖမ်းစီးခံရ

PR၊ ၂၃၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

မဏိပူရ် ရဲတပ်ဖွဲ့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ဟာ အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့နဲ့ အနီးတစ်ဝိုက်တွင် ခြေလျင်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် မြန်မာနိုင်ငံသား သုံးဦးကို ခိုးမှုသံသယဖြစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် ဖမ်းဆီးတယ်လို့ သတင်းရရှိပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား သုံးဦးဟာ တမူးမြို့‌စော်ဘွား(၂) ရပ်ကွက်နေ ကိုခိုင်ခင့်ထန်(၂၅)နှစ်၊‌ စော်ဘွား(၁၀) ရပ်ကွက်နေ ကိုအောင်‌မော်(၃၀)၊စော်ဘွား (၁၁)ရပ်ကွက်နေ ကိုအောင်အောင် (၂၅)နှစ်တို့ဖြစ်ပါတယ်။  

၎င်းတို့ကိုမီးစက်နဲ့ အခြားပစ္စည်း တို့ကိုခိုးယူတယ်ဆိုတဲ့ သံသယဖြစ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ၎င်းတို့ကို မိုးရေးမြို့အချူပ်ခန်းတွင်ချူပ်နှောင်ထားထာဆဲဖြစ်ပါတယ်။

၎င်းတို့ သုံးဦးဟာ စစ်ဘေးရှောင်မဟုတ်ကြပဲ ဆေးဆွဲနေသူတွေဖြစ်ကြပြီး မကြာခဏဆိုသလို မိုးရေးမြို့ကိုဝင်ထွက်သွားလာတတ်သူတွေဖြစ်ကြောင်းစစ်ဘေးရှောင်တစ်ဦးထံမှသိရတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်