မတူပီမြို့အဝင်အထွက်ကို စစ်တပ်က ပိုပြီး တင်းကြပ်လုပ်ဆောင်နေ

ချင်းပြည်နယ် မတူပီမြို့အဝင်အထွက်များကို လွန်ခဲ့တဲ့လများတွင် ထောက်ခံစာအပြည်အဝရှိလျှင် သွားလာဖြတ်သန်းသွာလာခွင့်ပြုထားသော်လည်း ခုတော့ သေရေးရှင်ရေးမှသာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီဟာ ဘာကြောင့် ခုလို အသွားအလာတင်းကျပ်လာသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦး၏ ပြောကြားချက်အရ “NUG ကနေပြီးတော့ ဒီလကုန်ပိုင်းလောက်ဆို ရွာဘက်တွေမှာလည်း အထက်တန်ကျောင်းသားတွေအတွက် ကျောင်းပြန်ဖွင့်တော့မယ်။ ဆိုတော့ မြို့ပေါ်မှာ ကျောင်းတက်နေကြတဲ့ ရွာက ကလေးတွေက ကျောင်းထွက်ကုန်တာပေါ့၊ ကျောင်းထွက်တယ် ဆိုတာလည်းရွာဘက်မှာ တက်လို့ရတော့မှာမို့ ထွက်ကြတာ။ ဒါကို သိတော့ စစ်ကောင်စီဟာ ကျောင်းသားတွေ ရွာပြန်သွားလို့မရအောင် အသွားအလာကို တင်းကြပ်လိုက်တဲ့ သဘောပေါ့” ဟု ပြောပါတယ်။

ယခင်က ရွာဘက်တွင် NUG ကဖွင့်ထားသော ကျောင်းဟာ ၈ တန်းအထိသာရှိသော်လည်း ခုတော့ အထက်တန်းကိုလည်း မကြာခင်မှာ ပြန်လည်ဖွင့်တော့မည်ဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီဟာ အသွားအလာကိုသာကန့်သတ်ထားတာမဟုတ်ပဲ သွားလာဖြတ်သန်းသွားလာသောသူများကို ခဲတံ၊ ဘောပင် နှင့် အခြားသော ကျောင်းသုံးအသုံးအဆောင်များကို သယ်ယူခွင့်မပြုကြောင်း ဆိုပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

တော်လှန်ရေး အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် NUG နဲ့ K3C တို့ ထပ်မံဆွေးနွေးနေ

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆Zalen တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ K3C အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး ...

ဆက်ဖတ်ရန်