မလေးရှားနိုင်ငံခုံးကျော်တံတားကနေ ချင်းတိုင်းရင်းသား သားအဖ ၄ဦးခုန်ချပြီး ၃ ဦးသေဆုံး

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ (MRR2) အဝေးပြေးလမ်းမကြီးရဲ့ ခုံးကျော်တံတားပေါ်ကနေ ချင်းတိုင်းရင်းသား ဦးCholei (၃၈နှစ်)က ၎င်းရဲ့ကလေး ၃ ယောက်ကိုအရင်တွန်းချပြီးနောက်ကိုယ်တိုင်ခုန်ကျကာ သေဆုံးသွာတယ်လို့သတင်းရရှိပါတယ်။

ခုံးကျော်တံတားကနေ ခုန်ချလို့သေဆုံးသူတွေဟာ ချင်းတိုင်းရင်းသား မရာမျိုးနွယ်စု ဖခင် ဦး Cholei (၃၈နှစ်)၊ သမီး Vadetisoh (၈နှစ်)၊ သား Vabiechose (၆နှစ်)ဖြစ်ပြီး ၃ နှစ်ကလေးကတော့ ဒဏ်ရာအပြင်းအထန်းရရှိကာ ဆလာယန်း ဆေးရုံမှာကုသလျက်ရှိပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂ ရက် မနက် ၅ နာရီ မိနစ် ၅၀ အချိန်တွင် ဦး Cholei က ကလေးတွေကို လက်နှစ်ဖက်နဲ့ကိုင်ပြီးတံတားပေါ်တက်လာတယ်လို့မျက်မြင်သက်သေတွေကပြောကြောင်း မလေးရှားနိုင်ငံမီဒီယာတွေကရေးသားကြပါတယ်။

296575915_421649933251229_7145052519608402478_n

Zalen ad

အနီးနားလူတွေက အဲဒီလူကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပေမယ့် ရုတ်တရက် ယောက်ျားက သူ့ ကလေးငယ်ကို MRR2 ခုံးကျော်တံတားပေါ်ကနေ ပစ်ချခဲ့ပြီး အမျိုးသားလည်း ခုန်ချခဲ့တယ်လို့ရေးသားထားပါတယ်။ ကလေးတွေရဲ့ ဖခင်ဟာ တခါတရံ စိတ်ဖောက်ပြန်တတ်ပြီး အခင်းဖြစ်တဲ့နေ့ ည ၁၂ နာရီကတည်းက အိမ်ကနေ ကလေးတွေနဲ့အတူထွက်လာကြတယ်လို့သိတယ်။

ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ရလဒ်များအရ သေဆုံးသူမှာ ဗိုက်အတွင်းပိုင်း ဒဏ်ရာနှင့် ဘယ်ဘက်နံရိုး ကျိုးသွားသည်ကို တွေ့ရှိခဲ့တယ်လို့သိရတယ်။

အလောင်းတွေကို ကွာလာလမ်ပူဆေးရုံ မှုခင်းဆေးကုသရေးဌာနသို့ ပို့ဆောင်ထားပြီး သေဆုံးရခြင်းအကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် ရင်ခွဲစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြပါတယ်။

အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေပြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများထံ သတင်းအချက်အလတ်များ ပေးဆောင်ရန် တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူ အမျိုးသားနဲ့ မိန်းကလေးတစ်ဦးတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်များ ရှိသည်ဟု သိရတယ်။

 

 

 

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်