မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ အိမ် လေးလုံးမြေပြိုပြီး ၅ ဦးသေဆုံး

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ အိမ် လေးလုံးမြေပြိုပြီး ၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တော် ဒူရ်တလန်(durtlang)ရပ်ကွက်မှာ ဇူလိုင် ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လူနေအိမ် လေးလုံးမြေပြိုလို့ လူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

ခုတလော မီဇိုရမ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းသဖြင့် ယင်းလူနေအိမ်အပေါ်ဘက်တောင်ပေါ်ကနေ မြေပြိုပြီး ယင်းမြေစာတွေက အိမ်အောက်ထပ်သို့ဖိကျလာပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေ ဆေးရုံသို့ပို့ဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပါတယ်။

ယနေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါက အခင်းဖြစ်ပွားတဲ့နေရာသို့သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Zalen ad

အခြေခံလူတန်းစားများနေအိမ်တစ်လုံးဟာ လေးလွှာစီရှိပြီး အိမ်တစ်လုံးတွင် မိသားစု ၁၆ စုနေထိုင်လို့ရပါတယ်။

ယင်းလူနေအိမ်တွေဟာ အခြေခံလူတန်းစားတွေနေထိုင်ဖို့တည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဆန်းပိုင်းတွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ရှင်းလက်ဝမှာ မီဇိုးအမျိုးသားတဦးသေဆုံးလို့ နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကို ယာယီပိတ်ထား

ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေမြန်မာနိုင်ငံ ၊ ချင်းပြည်နယ်၊ ရှင်းလက်ဝဘက်ကို ကုန်ပစ္စည်းသွားပို့တဲ့ မီဇိုးအမျိုးသားတဦး ရုတ်တရက်သေဆုံးသွားလို့ ကုန်သွယ်ရေးလမ်းကြောင်းကို ယာယီပိတ်ပင်ထားတယ်လို့  ဗဟိုလိုင်လူငယ်အသင်း ( Central Young Lai ...

ဆက်ဖတ်ရန်