မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ အိမ် လေးလုံးမြေပြိုပြီး ၅ ဦးသေဆုံး

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ အိမ် လေးလုံးမြေပြိုပြီး ၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တော် ဒူရ်တလန်(durtlang)ရပ်ကွက်မှာ ဇူလိုင် ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လူနေအိမ် လေးလုံးမြေပြိုလို့ လူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

ခုတလော မီဇိုရမ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းသဖြင့် ယင်းလူနေအိမ်အပေါ်ဘက်တောင်ပေါ်ကနေ မြေပြိုပြီး ယင်းမြေစာတွေက အိမ်အောက်ထပ်သို့ဖိကျလာပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေ ဆေးရုံသို့ပို့ဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပါတယ်။

ယနေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါက အခင်းဖြစ်ပွားတဲ့နေရာသို့သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Zalen ad

အခြေခံလူတန်းစားများနေအိမ်တစ်လုံးဟာ လေးလွှာစီရှိပြီး အိမ်တစ်လုံးတွင် မိသားစု ၁၆ စုနေထိုင်လို့ရပါတယ်။

ယင်းလူနေအိမ်တွေဟာ အခြေခံလူတန်းစားတွေနေထိုင်ဖို့တည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဆန်းပိုင်းတွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်