လူသတ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို CDF-Thantlang ရဲတပ်ဖွဲ့က ဖမ်းဆီး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇာနက်တောင်ကြောတွင် လူသတ်မှုကျူးလွန်သော တရားခံ ဦးလာလ်ပန်လျန်အား CDF-Thantlang ဇာနက်တောင်ကြော ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ရက်၊ ညပိုင်း ၉နာရီခန့်က ထန်တလန်မြို့နယ်၊ ရာလ်ပဲလ်ကျေးရွာသား ဦးဒဲန်ထန်းသည် ရွာအတွင်းလည်ပတ်စဉ် ဦးလာလ်ပန်လျန်ဆိုသူနဲ့ စကားများရန်ဖြစ်ကြပြီး လာလ်ပန်လျန်က ဦးဒဲန်ထန်းအား ဓားဖြင့် ၃ချက်ထိုးခဲ့ရာ ဦးဒဲန်ထန်းသည် ဓားဒဏ်ရာ‌နဲ့ ယင်းည ၁၁နာရီတွင် သေဆုံးခဲ့သည်။

လူသတ်တရားခံ ဦးလာလ်ပဲန်လျန်အား ဇာနက်တောင်ကြော ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး ဉပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်