သိုင်းငင်းရွာအနီးတွင် ကားလမ်းပေါ်မြေစာပြိုကျတာကြောင့် ကားအစီး (၁၀၀)ကျော်ပိတ်မိ

ကလေးမြို့မှ ချင်းတောင်တက်တဲ့ကားလမ်း မိုင် (၃၀) တွင် လမ်းပေါ်မှာ မြေစာတွေကျလာတာကြောင့် ခရီးသွားယာဉ် အစီး (၁၀၀)ကျော် မနေ့ညက စပြီး အခုထိ ပိတ်မိနေတယ်လို့သတင်းရရှိပါတယ်။

ယင်းမြေစာပုံကျတဲ့နေရာဟာ နှစ်တိုင်းကားလမ်းပျက်စီးတဲ့နေရာဖြစ်ပြီး ကလေးမြို့ဘက်က တက်တယ်ဆိုရင် သိုင်းငင်းရွာမရောက်ခင်မှာ ဖြစ်ပါတယ်။

ခရီးသွားအမျိုးသမီးတစ်ဦးက “လမ်းလုပ်သမားတွေက မနေ့ညကတည်းက မြေစာတွေပြိုနေပြီ်တဲ့။ စက်ကြီး ၅ စီးနဲ့မြေစာတွေ ခုထိ ရှင်းနေတုန်းပဲ။ အတက်ကားရော၊ အဆင်းကားပါအားလုံးပိတ်မိနေတယ်။ မိုးလည်းတအားရွာနေတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်