အိန္ဒိယတွင် မြန်မာဒုက္ခသည်တွေအတွက် Benjamin Sum နဲ့ မီဇိုးအဆိုတော်တွေက Charity Concert ပြုလုပ်မယ်

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားရောက်ခိုလုံတဲ့ ဒုက္ခသည်တွေအတွက် Benjamin Sum နဲ့ မီဇိုရမ်အဆိုတော် တို့က ဒီမနက် ၁၀ နာရီခွဲတွင် (မြန်မာစံတော်ချိန် ၁၁း၃၀) ရွေ့လျားရှိုးပွဲပြုလုပ်ကြမယ်လို့သတင်းရရှိပါတယ်။

မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မြို့တွင် အဖွဲ့ (၂)ဖွဲ့ခွဲပြီး လူစည်ကားတဲ့ နေရာ (၁၁) နေရာတွင် ရှိုးပွဲပြုလုပ်ကြမှာဖြစ်ပါတယ်။

ယင်း Mobile Charity Concert စီစဉ်တဲ့အဖွဲ့အစည်းကတော့ မီဇိုရမ်ပြည်နယ် အခြေစိုက် MZP, PUMP, NGO UNITED, MZI & MDM စတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာပြည်မှ ဒုက္ခသည်အဖြစ်သွားရောက်ခိုလုံသူ (၄၀၀)ကျော်ရှိပြီလို့ အိန္ဒိယအခြေစိုက်သတင်းစာတွေက ဖော်ပြထားပါတယ်။

Zalen ad

ယင်းပွဲ စီစဉ်သူထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဦးဟိုလျန်က “အိုက်ဇောလ်မြို့မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံးကို လာရောက်ဝန်းရံပေးကြဖို့ဖိတ်ခေါ်ဗျစေ။ အလှူငွေကို လမ်းဘေးကပြည်သူတွေဆီ လိုက်လံအလှူခံမှာဖြစ်လို့ အလုပ်တွေခဏထားပြီး ကျနော်တို့ချစ်တဲ့ တိုင်းပြည်အတွက် အားစိုက်ထုတ်ရမယ့်အချိန်ဖြစ်တယ်။ ဒီချိန်ဟာ တိုင်းပြည်အတွက် အတူတူဝိုင်းအလုပ်လုပ်ပေးနိုင်တဲ့အချိန်ကောင်းပဲဖြစ်ပါတယ်” လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

အိုက်ဇောလ်မြို့တွင် ချင်းပြည်နယ်နဲ့ ကလေးကဘော်ဒေသမှ သွားရောက်ပြီး ဝမ်းစာရှာဖွေတဲ့သူ ထောင်ဂဏန်းရှိပါတယ်။

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်