ဧဝံဂေလိတရားဟောဆရာအမှု ကယာကံရှင် မိန်းကလေးနှစ်ဦးအားဒီနေ့ အမှုစစ်မယ်

ဧဝံဂေလိတရားဟောဆရာရဲ့ အဓမ္မပြုကျင့်ခြင်းခံရတယ်လို့ယူဆရတဲ့ အသက် (၁၅)နှစ်အောက် မိန်းကလေးနှစ်ဦးဟာ ဒီနေ့ (ဇွန်လ ၂၂)နံနက် ၁၀ နာရီခန့်မှာ ကလေးခရိုင်တရားရုံးက ၎င်းတို့နှစ်ဦးကို အမှုစစ်မယ်လို့သိရပါတယ်။

“အရင်ပတ် ဇွန်(၈)ရက် ပထမရုံးချိန်းမှာ သူတို့ မိဘနှစ်ပါးကို အမှုစစ်ဆေးတယ်”လို့ တရာလို မိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။

ကလေးမြို့နယ် လက်ပံချောင်းရွာမှာနေထိုင်တဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ်မှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်မှု) တို့နဲ့ ကလေးခရိုင်တရားရုံးက မေလ (၁၁)ရက်မှာ တရားစွဲတင်ထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်