ကချင်စစ်ဘေးရှောင်ဒုက္ခသည်များကို တောင်ဖီလာနှစ်ခြင်းအသင်းခရစ်ယာန်ဓမ္မပညာဌာနမှ ကိုယ်တိုင်သွားရောက်လှူဒါန်း

ကချင်ပြည်နယ်စစ်ပွဲရှောင်ပြည်သူများကို ကလေးမြို့ရှိ တောင်ဖီလာနှစ်ခြင်းအသင်းတော်က ခရစ်ယာန်ဓမ္မပညာဌာနမှ မေလ(၃၀)ရက်ကနေ ဇွန်လ(၂)ရက်နေ့ထိ မြစ်ကြီးနားမြို့မှာ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။

တောင်ဖီလာနှစ်ခြင်းအသင်းတော်သင်းအုပ်ဆရာကတော်၊ ခရစ်ယာန်ဓမ္မပညာဌာန(CE) တာဝန်ခံ ဒေါက်တာ Deborah Zung Rem ကဦးဆောင်ပြီး အသင်းတော် ကျောင်းဆရာ၊မ (၁၃)ယောက်သွားရောက်ကာ ဆုတောင်းပေးခြင်း၊ ကလေးများ၊ မိဘများနဲ့အတူကစားခြင်းဖြစ်အားပေးခဲ့တယ်။

Photo:Dr. Deborah Zung Rem

“ဘုရားသခင်ရဲ့လမ်းပြမှုကြောင့် အငယ်ဆုံးသောသူတွေအပေါ်ပြုစေလိုတဲ့ အတိုင်း လုပ်ဆောင်နိုင်တဲ့တွက်ဝမ်းသာပတီဖြစ်မိပါတယ်။ စစ်ရှောင်စခန်းမှာ ချင်းအကတွေ၊ သီချင်းနဲ့ဖျော်ဖြေတယ်။ သူတို့ဝမ်းသာလွန်းလို့ ပြန်လာခဲ့ကြနော်လို့ပြောတဲစကားသံကို ခုထိနားထဲမှာကြားယောင်နေဆဲ”လို့ ဒေါက်တာ Deborah Zung Rem ကဆိုပါတယ်။

မေလ(၃၁)ရက်တွင် လူ(၆၀၀)ကျော်နေထိုင်တဲ့ Jaw Masat ဒုက္ခသည်စခန်းမှာ ကျပ် သုံးသိန်းနဲ့အဝတ်အစားတွေလှူဒါန်းခဲ့တယ်။ ပြီးတော့ လူ(၃၂၀)နေထိုင် ဝိုင်းမော်ဇုန် ဒုက္ခသည်စခန်းမှာ ပစ္စည်းနဲ့ ကျပ်နှစ်သိန်း စုစုပေါင်း (၇)သိန်းလှူဒါန်းပါတယ်။

 

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်