ကန့်ကွက်သူရှိသဖြင့် ချင်းကုန်သည်များအသင်းရုံးချုပ် ပန္နက်တင်မယ့်အစီအစဉ်ပြန်လည်ဖျက်သိမ်း

ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးချုပ်ကို ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်မှာ ဒီမနက် ပန္နက်တင်အခမ်းအနားကျင်းပရန် စီစဉ်ထားပေမယ့် ကန့်ကွက်သူရှိသဖြင့် ပြန်လည်ဖျက်သိမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။

ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကပ်ခင်ပေါင်က “ဒီမနက်မှာ ဝန်ကြီးချုပ်က ကန့်ကွက်တဲ့သူရှိလို့ မဆောက်နဲ့အုံးတဲ့။ ကန့်ကွက်တဲ့သူက ဟားခါးမြို့သား ဦးရမ်ကျူံးလို့သိရတယ်။ ဘာလို့ကန့်ကွက်တာလဲဆိုရင် ရုံးမြေကွက်ထဲမှာ သူ့ငါးကန်သေးသေးလေးပါတာကြောင့်လို့သိရတယ်။ ဘာလို့ကြိုမပြောတာလဲဆိုတာတော့ သူတို့ပဲသိမယ်။ ဒီမြေကွက်ကို ၂၀၁၈ ခုနှစ်တုန်းက အစိုးရအဖွဲ့အစည်းအဝေးနဲ့ အသင်းကိုပေးထားတာပါ။ အရင်ကတည်းက မကန့်ကွက်ပဲ ဘာလို့ခုမှကန့်ကွက်လာတာလဲပေါ့။ ဝန်ကြီးချုပ်ကတော့ သူနဲ့ညိုနှိုင်းအုံးမယ်လို့ပြောတယ်” လို့ပြောပါတယ်။

ချင်းကုန်သည်များအသင်းရုံးချုပ်ဟာ KBZ ဘဏ်က သိန်း တစ်ထောင်ထောက်ပံ့ကူညီမှုနဲ့ ၂ဧကခွဲမြေကွက်ပေါ်တွင် ပေ ၄၀၊ ပေ ၆၀ နှစ်ထပ်နဲ့တည်ဆောက်ဖို့စီစဉ်ထားတာပါ။

အစိုးရက မြေယာဟာ ပုံစံ (၁၀၅)၊ ၁၀၆ နဲ့ ရုံးဆောက်လုပ်ခွင့်ကိုလည်း အသင်းကိုပေးထားခဲ့ပါပြီ။ ယင်း ပန္နက်တင်အခမ်းအနားတက်ရောက်ဖို့ ရန်ကုန်မြိုမှ UMFCCI မှ ဒုဥက္ကဌ ဒေါက်တာမျိုးသက် နဲ့အဖွဲ့ဝင်များ နဲ့ ချင်းကုန်သည်များအသင်းမှတာဝန်ရှိသူများလည်း ဟားခါးမြို့သို့ရောက်ရှိပြီးပြန်လှည့်လာခဲ့ကြပါတယ်။

(Zawgyi)

ကန႔္ကြက္သူရွိသျဖင့္ ခ်င္းကုန္သည္မ်ားအသင္း႐ုံးခ်ဳပ္ ပႏၷက္တင္မယ့္အစီအစဥ္ျပန္လည္ဖ်က္သိမ္း

ခ်င္းျပည္နယ္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ႐ုံးခ်ဳပ္ကို ဟားခါးၿမိဳ႕ ေက်ာဘုတ္ရပ္ကြက္မွာ ဒီမနက္ ပႏၷက္တင္အခမ္းအနားက်င္းပရန္ စီစဥ္ထားေပမယ့္ ကန႔္ကြက္သူရွိသျဖင့္ ျပန္လည္ဖ်က္သိမ္းလိုက္တယ္လို႔ သတင္းရရွိပါတယ္။

ခ်င္းျပည္နယ္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးကပ္ခင္ေပါင္က “ဒီမနက္မွာ ဝန္ႀကီးခ်ဳပ္က ကန႔္ကြက္တဲ့သူရွိလို႔ မေဆာက္နဲ႔အုံးတဲ့။ ကန႔္ကြက္တဲ့သူက ဟားခါးၿမိဳ႕သား ဦးရမ္က်ဴံးလို႔သိရတယ္။ ဘာလို႔ကန႔္ကြက္တာလဲဆိုရင္ ႐ုံးေျမကြက္ထဲမွာ သူ႔ငါးကန္ေသးေသးေလးပါတာေၾကာင့္လို႔သိရတယ္။ ဘာလို႔ႀကိဳမေျပာတာလဲဆိုတာေတာ့ သူတို႔ပဲသိမယ္။ ဒီေျမကြက္ကို ၂၀၁၈ ခုႏွစ္တုန္းက အစိုးရအဖြဲ႕အစည္းအေဝးနဲ႔ အသင္းကိုေပးထားတာပါ။ အရင္ကတည္းက မကန႔္ကြက္ပဲ ဘာလို႔ခုမွကန႔္ကြက္လာတာလဲေပါ့။ ဝန္ႀကီးခ်ဳပ္ကေတာ့ သူနဲ႔ညိဳႏႈိင္းအုံးမယ္လို႔ေျပာတယ္” လို႔ေျပာပါတယ္။

ခ်င္းကုန္သည္မ်ားအသင္း႐ုံးခ်ဳပ္ဟာ KBZ ဘဏ္က သိန္း တစ္ေထာင္ေထာက္ပံ့ကူညီမႈနဲ႔ ၂ဧကခြဲေျမကြက္ေပၚတြင္ ေပ ၄၀၊ ေပ ၆၀ ႏွစ္ထပ္နဲ႔တည္ေဆာက္ဖို႔စီစဥ္ထားတာပါ။

အစိုးရက ေျမယာဟာ ပုံစံ (၁၀၅)၊ ၁၀၆ နဲ႔ ႐ုံးေဆာက္လုပ္ခြင့္ကိုလည္း အသင္းကိုေပးထားခဲ့ပါၿပီ။ ယင္း ပႏၷက္တင္အခမ္းအနားတက္ေရာက္ဖို႔ ရန္ကုန္ၿမိဳမွ UMFCCI မွ ဒုဥကၠဌ ေဒါက္တာမ်ိဳးသက္ နဲ႔အဖြဲ႕ဝင္မ်ား နဲ႔ ခ်င္းကုန္သည္မ်ားအသင္းမွတာဝန္ရွိသူမ်ားလည္း ဟားခါးၿမိဳ႕သို႔ေရာက္ရွိၿပီးျပန္လွည့္လာခဲ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်