ကန်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ ချင်းတိုင်းရင်းသားနေအိမ်(၉)လုံးပျက်စီး

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် Marshall မြို့မှာ ဇူလိုင်(၁၉)ရက် ညနေ ငါးနာရီခန့်ကစပြီး လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ်အတော်များများပျက်စီးသွားပါတယ်။ ၎င်းတို့ထဲမှာ ချင်းတိုင်းရင်းသားတွေရဲ့ နေအိမ်(၉)လုံး၊ ကား(၁၀)စီးနဲ့ ဘုရားကျောင်းလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိထားပါတယ်။

ဒါကြောင့် အစိုးရက အရေးပေါ်ဧရိယာအနေနဲ့ကြေညာထားပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံးသို့ပို့ထားကြပါတယ်။

Marshall မြို့မှာရှိတဲ့ CBCM ဘုရားကျောင်းက သိက္ခတော်ရဆရာတော် ထောင်းကမ်က “တခြားနေရာတွေထက် ကျနော်တို့နေအိမ်တွေအပျက်အစီးနည်းပါးပါတယ်။ ဒဏ်ရာရထားတဲ့သူလည်းမရှိပါဘူး”လို့ပြောပါတယ်။

လေဆင်နှာမောင်းကြောင့်အပျက်အစီးတွေကို ဒီနေရာမှာ ဗီဒီယိုဖိုင်ကြည့်နိုင်ပါတယ်။ https://www.facebook.com/khup.no.581/videos/pcb.676460939359974/676455106027224/?type=3&theater

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်