ကန်ပက်လက်တွင် ရိုးရာယဉ်ကျေးမှုနဲ့ တောင်ဇလပ်ပန်းပွဲတော်ကို (၂)ရက်ကြာ ကျင်းပမယ်

ကန်ပက်လက်မြို့၌ လောက်နူးမြေ ရိုးရာယဉ်ကျေးမှု နဲ့ ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော်ကို ဇန်နဝါရီလ (၂၅)ရက်မှ (၂၆)ရက်ထိ ချင်းပြည်နယ်အစိုးရနဲ့ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဦးဆောင်မှုနဲ့ကျင်းပမယ်လို့သတင်းရရှိပါတယ်။

ယင်းပွဲဟာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ဖော်ထုတ်ရန်၊ ခေါ်နူးစုမ်တောင် နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရည်ရွယ်ချက်နဲ့ကျင်းပရခြင်းဖြစ်ပါတယ်။

ယင်းပွဲတွင် ခေါ်နူးစုမ်တောင် တောင်ထိပ်သို့ ခြေလျင်လမ်းလျှောက်ပြိုင်ပွြ၊ ရိုးရာလုံယူးကျောက်ပျဉ်ချီပွဲများလည်းရှိပါမယ်။

ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ကိုမောင်းရှိန်းက “ပွဲအစီအစဉ်ကတော့ (၂၅)ရက်နေ့ မနက်ပိုင်းမှာ အ.ထ.က (၁)ဘောလုံးကွင်းမှာဖွင့်ပွဲလုပ်မယ်။ နေ့လည်ပိုင်းမှာ ကန်ပက်လက်ကနေ တစ်မိုင်လောက်ဝေးတဲ့ ဆောလောင်းရွာမှာ ကျောက်ပျဉ်ချီပွဲလုပ်မယ်။ ကျောက်ပျဉ်ချီတာက မသေခင်မှာ အရိုးအိုးထားဖို့ ချောင်းထဲကကျောက်ပျဉ်ကို ရွာကသင်္ချိုင်းထိချီလာတာပေါ့။ ခုလိုချိန်ဆို အုတ်ဂူပုံစံပေါ့။ ကျောက်ပျဉ်ချီပွဲလုပ်ဖို့ နွားနောက်တွေ၊ နွားတွေသတ်ရတော့ ချမ်းသာတဲ့သူတွေကပဲ လုပ်နိုင်ကြတယ်။ ခုချိန်မှာတော့ ဒီလိုလုပ်တာတော်တော်လေးရှားသွားပြီ။ ပြီးတော့ ညနေပိုင်းမှာ ရိုးရာအကတွေနဲ့ မီးပုံပွဲလုပ်မယ်။ (၂၆)ရက် မနက်မှာပွဲလာတဲ့သူအားလုံး ခေါ်နူးစုမ်တောင်ကိုခြေလျင်နဲ့တက်မယ်။ တောင်ထိပ်ကိုအရင်ဆုံးရောက်တဲ့သူတွေကို ဆုချမယ်။ ညနေပိုင်းကျရင် ဖျော်ဖြေပွဲရှိမယ်။ တောင်ဇလပ်ပန်းပွဲဆိုတာက ပြင်ဦးလွင်ပန်းပွဲတော်လို ပန်းတွေစိုက်ပြီးပြမှာမဟုတ်ဘူး။ သဘာဝအရပေါက်တဲ့တောင်ဇလပ်နဲ့ ရှုခင်းတွေကိုပြမယ်။ တောင်ဇလပ်ပန်းက ခေါ်နူးစုမ်တောင်တက်တဲ့လမ်းတစ်လျှောက်ပွင့်တယ်” လို့ပြောပါတယ်။

ဒါ့ပြင် ဒေသထွက် ထောပတ်သီးဟင်းလျာပြင်ဆင်ချက်ပြုတ်ခြင်းပြခန်းတွေ၊ ချင်းရိုးရာ လက်ဆောင်ပစ္စည်းပြခန်းတွေ၊ တေးဂီတ အစီအစဉ်တွေလည်းရှိမယ်လို့သိရပါတယ်။

ရန်ကုန်ကနေ ကန်ပက်လက်မြို့ကိုသွားမယ်ဆိုရင် ရန်ကုန်-ချောက်ကားစီးရမှာဖြစ်ပြီး ဘစ်ကားခ တစ်သောင်းဖြစ်ပါတယ်။ ချောက်သို့မနက်ပိုင်းရောက်ပြီး ကန်ပက်လက်သွားတဲ့ကားသို့ပြောင်းစီးကာ နေ့လည် ၁၂ နာရီလောက်တွင် ကန်ပက်လက်မြို့ရောက်မှာဖြစ်ပါတယ်။ ဘစ်ကားခကတော့ ရှစ်ထောင်ဖြစ်ပါမယ်။ ဟိုတယ်အခန်းခက အနည်းဆုံး တစ်ည (၈)ထောင်တန်ကနေသောင်းဂဏန်းထိရှိပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်